News

POST TYPE

NEWS

Covid 19 ကာကွယ်ဆေးကို အရေးပေါ်သုံးအဖြစ် သတ်မှတ်ပေးရန် WHO ကို ရုရှားတောင်းဆို
28-Oct-2020


မော်စကို၊ အောက်တိုဘာ ၂၈

ရုရှား နိုင်ငံထုတ် Covid 19 ကာကွယ်ဆေး Sputnik V ကို အရေးပေါ်အသုံးပြုနိုင်သည့် ဖြေဆေးအဖြစ် လက်ခံပေးကြရန် Russia Direct Investment Fund (RDIF) က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို တင်ပြလျှောက်ထားခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပထမဆုံး စတင်တွေ့ရှိခဲ့သည်မှာ ရုရှားနိုင်ငံဖြစ်ပြီး ယင်းဆေး၏ ထိရောက်မှုနှင့် လုံခြုံမှု ရှိ၊ မရှိ ဆိုသည့်အပေါ် သိပ္ပံပညာရှင်များနှင့် ဆရာဝန်များအကြား ပူပန်မှုများရှိနေဆဲဖြစ်သည်။

အရေးပေါ် သုံးစာရင်း(EUL) ဝင် ဆေးအဖြစ်သတ်မှတ်ခံရပါက ထိုကာကွယ်ဆေးကို အသုံးပြုရန် ဘေးကင်းပြီးထိ ရောက်ကြောင်း WHO က ကြိုတင်သတ်မှတ်ပေးရာရောက်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း အလျင်အမြန် အသုံးပြုနိုင်မည်ဖြစ်သည်။

ထိုကဲ့သို့ သတ်မှတ်ပေးပါက Sputnik V ဆေးမှာ အဆင့်မီ၊ ဘေးကင်း၊ ထိရောက်သည့် ဆေးထုတ်ကုန်များ စာရင်းဝင်သွားမည်ဖြစ်သည်ဟု  RIDF မှ စီအီးအို ကီရေးလ်ဒီမီထရိ့ဗ်က ပြောခဲ့သည်။

မော်စကိုဂါမာလီယာ သုတေသနအဖွဲ့အစည်းမှ ထုတ်လုပ်ပြီး RIDF အဖွဲ့မှ ဖြန့်ချီသည့် Sputnik V ကို human
adenoviral vectors ကို အခြေခံကာ ထုတ်လုပ်ခဲ့သည်ဟု သိရသည်။

F-05