News

POST TYPE

NEWS

ကညနရုံးများကို ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးဟုဆို
28-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၂၈

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပိုးပြန့်ပွားနေမှု အခြေအနေများကြောင့် ခေတ္တပိတ်ထားသည့် ကညနရုံးများကို ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ် မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။

အဆိုပါ ကညနရုံးများကို ဇွန်လ ၈ ရက်နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်ပြီး ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည် လက်ခံဆောင်ရွက်ခဲ့သော်လည်း စက်တင်ဘာလကုန်မှစတင်ကာ ကညနရုံးများ ခေတ္တပြန်လည် ပိတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်း ရုံးပိတ်ထားသည့်ကာလအတွင်း သက်တမ်းကုန်မည့် ကားများ၊ လူလိုင်စင်များကို ဒဏ်ကြေးကင်းလွတ်ခွင့်ပေးမည်ဖြစ်ပြီး ယာဉ်ထိန်းရဲများမှ လည်း ဖမ်းဆီးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။

ကညနရုံးများတွင် ဇွန်လ ၈ ရက်နေ့မှ စတင်ကာ ခေတ္တရပ်ဆိုင်းထားသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ယာဉ်မှတ်ပုံတင်လုပ်ငန်းများ၊ ယာဉ်မောင်း လိုင်စင်သက်တမ်းတိုးလုပ်ငန်းများနှင့် လုပ်ငန်းလိုင်စင်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သော်လည်း ယခုလက်ရှိတွင် လုပ်ငန်းအားလုံး ခေတ္တပိတ်ထားကြောင်း သိရသည်။

COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလတွင် ကညနရုံးများ ၂လ ကျော် ပိတ်ထားရပြီး ရုံးပိတ်သည့်ကာလ၌ သက်တမ်းကျော်လွန်သည့် ယာဉ်အစီးရေ မှာ ၃သောင်းကျော်ထိ ရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။            

S-05