POST TYPE
NEWS
ပြည်ပလေကြောင်းလိုင်းများပြေးဆွဲမှု ရပ်ဆိုင်းသည့်ကာလ နိုဝင်ဘာလကုန်အထိ ထပ်မံတိုးမြှင့်
27-Oct-2020

ရန်ကုန်၊ အောက်တိုဘာ ၂၇
မြန်မာနိုင်ငံအတွင်းတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများကို ကာကွယ်ရန် ပြည်ပလေယာဉ်ခရီးစဉ်များအား အောက်တိုဘာလ ၃၀ ရက်နေ့အထိ ရပ်ဆိုင်းထားရာမှ ရပ်ဆိုင်းထားသည့်ကာလကို နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်းများ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
အဆိုပါ ပြည်ပလေကြောင်းလိုင်းအပြင် ပြည်တွင်းလေယာဉ် ခရီးစဉ်ပျံသန်းပြေးဆွဲမှု ခေတ္တရပ်ဆိုင်းခြင်းကိုလည်း နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ထပ်မံတိုးမြှင်သွားမည်ဖြစ်ကြောင်း ပြည်တွင်း လေကြောင်းလိုင်းများထံမှ သိရသည်။
ယင်းကာလအတွင်း လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ပြန်အမ်းငွေလျှောက်ထားခြင်းများကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း ပြည်တွင်းလေကြောင်းလိုင်းများထံမှ သိရသည်။
ပြည်ပခရီးစဉ်များကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြန်လည်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ပြောင်းလဲမှုရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ ကြေညာပေးမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ပြည်တွင်း Terminal ဂိတ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစတင်ကာ နေ့စဉ်ခရီးသည်ပေါင်း ၇၄၀ဝ ခန့် ဝင်ထွက်သွားလာလျက်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြည်တွင်း Terminal ဂိတ်တွင် တစ်ရက်လျှင် ရန်ကုန်မှ မြန်မာနိုင်ငံအနှံ့အပြားသို့ လေကြောင်းလိုင်းငါးလိုင်းမှ ပြည်တွင်း လေကြောင်းခရီးစဉ် ၆၀ ခန့်ကို ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
S-05
-
25-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021