News

POST TYPE

NEWS

တရုတ်က ဆန်ကွဲတန်ချိန် ၃၀ဝ ဝယ်ယူရန် သဘောတူလက်မှတ်ရေးထိုး
27-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၇

တရုတ်နိုင်ငံဘက်က A1-2 Sortexed အမျိုးအစား မြန်မာဆန်ကွဲ မက်ထရစ်တန်ချိန် ၃၀ဝ ဝယ်ယူရန် တရုတ်နိုင်ငံ နန်နင်းမြို့၊ မြန်မာစီးပွားရေး သံမှူးရုံးတွင် အရောင်းအဝယ်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူးရုံးတွင် အောက်တိုဘာလ တတိယအပတ်အတွင်းက ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ Guangxi ShengWeiDa International Trading Co., Ltd က မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ ဆန် နှင့်ဆန်ကွဲ တရားဝင်တင်သွင်းခွင့်ရရှိထားသော Adipati Agricultural Produce Trading Limited ထံမှ  
A 1-2 Sortexed အမျိုးအစား ဆန်ကွဲ မက်ထရစ်တန် ၃၀ဝ ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၅ ဖြင့် ဝယ်ယူသည့်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Guangxi ShengWeiDa International Trading ကုမ္ပဏီသည် Adipati Agricultural Produce
Trading Limited ထံမှ A 1-2 Sortexed အမျိုးအစားနှင့်B 1-2 Sortexed အမျိုးအစား ဆန်ကွဲများကို အရည်အသွေးကောင်းမွန်သောကြောင့် ဝယ်ယူတင်သွင်းလျက်ရှိကြောင်း သိရသည်။  

ယခုနှစ်အတွင်း Guangxi ShengWeiDa International Trading ကုမ္ပဏီက မြန်မာနိုင်ငံမှ A 1-2 Sortexed အမျိုးအစားဆန်ကွဲ ၁၈၅၀ တန်နှင့် B 1-2 Sortexed အမျိုးအစား ဆန်ကွဲ ၁၀ဝ တန်၊ စုစုပေါင်း ၁၉၅၀ တန်ကို ဝယ်ယူထားပြီးဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲမက်ထရစ်တန်ချိန် ၂ ဒသမ ၅ သန်းကျော်တင်ပို့ထားပြီး တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၇၉၄ သန်းကျော် ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ပြည်ပတင်ပို့မှုစာရင်းများအရ သိရသည်။

S-07