News

POST TYPE

NEWS

ကဏ္ဍ ၄ ခုတွင် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ဂျပန်ကူညီမည်
26-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၂၅

မြန်မာနိုင်ငံရှိ ကဏ္ဍနယ်ပယ် ၄ ခုကို ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ပြောင်းလဲနိုင်စေရေး ဂျပန်နိုင်ငံမှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဂျပန်ပြည်ပကုန်သွယ်ရေး အဖွဲ့အစည်း (JETRO) ထံမှ သိရှိရသည်။ 

ဂျပန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ကမ္ဘာလှည့်ခရီးသွားကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍများတွင် ပံ့ပိုးကူညီမှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

ဂျပန်အစိုးရ၏ အစီအစဉ်ဖြင့် JETRO က အာရှဒစ်ဂျစ်တယ်အသွင်ပြောင်းလဲ ရေးစီမံကိန်းကို စတင်ခဲ့ပြီး စိတ်ပါဝင်စားမှုရှိသည့် အာဆီယံဒေသတွင်း ကုမ္ပဏီများကို လျှောက်ထားခွင့်ပြုခဲ့သည်။ အဆိုပြုသူများထဲမှာ စီမံကိန်း ၂၃ ခု ရွေးချယ်ခံခဲ့ရပြီး ၄ ခုမှာ မြန်မာနိုင်ငံမှာဖြစ်ကြောင်း သိရှိ ရသည်။ 

IT-01