News

POST TYPE

NEWS

Stay Home ကြေညာထားသည့် မြို့နယ်များမှ အလုပ်သမားများကို လုပ်ငန်းခွင်သို့ သွားရောက်ခွင့်ပြု
26-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၆

တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုတွင် Stay Home ကြေညာထားသည့် မြို့နယ်များမှ စိစစ်လုပ်ကိုင်ခွင့်ပြုထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် တာဝန်ထမ်းဆောင်ရန်သွားရောက်သူများကို လုပ်ငန်းခွင်သို့သွားရောက် ခွင့်ပြုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ အချို့ စက်ရုံအလုပ်ရုံများတွင် ရောဂါကူးစက်မှုများ ဆက်လက်တွေ့ရှိနေရသည့် အခြေအနေတွင် ယင်းသို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ Stay Home အဖြစ် ကြေညာထားသည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုကိုးကျွန်းမှလွဲ၍ ကျန် မြို့နယ်အားလုံး၊ မွန်ပြည်နယ်မှ မော်လမြိုင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှ ပဲခူးမြို့နယ်၊ ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ပုသိမ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ မအူပင် မြို့နယ်တို့ဖြစ်သည်။

Stay Home ကြေညာထားသည့် မြို့နယ်များအနက် ရန်ကုန်တိုင်းဒေသကြီး ရှိမြို့နယ်များတွင် လုပ်ကိုင်နေသည့် လုပ်ငန်းများအနက် ကုန်ကြမ်းယူ ကုန်ချော ပေးဆောင်ရွက်သော လက်ခစားလုပ်ငန်းဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ မှ အောက်တိုဘာလ ၂၁ အထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုကြောင်း ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ မဆုံးရှုံးစေရေး နှင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်ရှင်များအနေနှင့် Covid-19 ကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အေ အဆင့် ရရှိစေရန် ပြင်ဆင်ထားရှိပါက ပြန်လည်လုပ်ကိုင်ခွင့်ပေးမည်ဟုလည်း ထုတ်ပြန်ခဲ့သေးသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြုထားသည့် စက်ရုံအလုပ်ရုံအချို့တွင် စက်ရုံတစ်ခုလုံးနီးပါး ရောဂါပိုးကူးစက်ခံရသည့် အခြေအနေများတွေ့ရှိလာရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ၎င်းစက်ရုံများတွင် ကူးစက်မှုများဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

S-09