News

POST TYPE

NEWS

ဆီဘောက်ဆာယာဉ်တစ်စီးပေါ်မှ ကျပ် ၃၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများ ဖမ်းမိ
15-Oct-2020


ရန်ကုန် ၊ အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းက ဆီဘောက်ဆာယာဉ်တစ်စီးကို စစ်ဆေးရှာဖွေရာ ကျပ် ၃၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်။

လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များမှာ မိုင်းနောင်-မိုင်းနင်းသွားကားလမ်းတွင် ရပ်တန့်ထားသော ဆီဘောက်ဆာယာဉ်တစ်စီးကို စစ်ဆေးရာ
ဆီသိုလှောင်ကန်အတွင်းမှ အိုက်စ်မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အိုက်စ်မူးယစ်ဆေးဝါးများမှာ ကာလတန်ဖိုး ကျပ် ၃၆ ဘီလီယံကျော် တန်ဖိုးရှိပြီး လွိုင်လင်မြို့နယ်ရှိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံသို့ စနစ်တကျ လွှဲပြောင်းအပ်နှံရန် စီစဉ်ဆောင်ရွက်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

S-03
photo ရဲတပ်ဖွဲ့