News

POST TYPE

NEWS

ကျိုင်းတုံမြို့တွင် ကျပ်တစ်ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
14-Oct-2020
ကျိုင်းတုံမြို့တွင် ကျပ်တစ်ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရှာဖွေရာမှ ကျပ်တစ်ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တောင်ကြီး-ကျိုင်းတုံသွား ကားလမ်းတွင် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ဖြတ်သန်း သွားလာနေသော ယာဉ်များကို တားဆီးစစ်ဆေးရာ Vigo အမျိုးအစား မော်တော်ယာဉ်တစ်စီးမှ ရပ်တန့် ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့သည်။

အဆိုပါယာဉ်ကို လိုက်လံဖမ်းဆီးရာ ကျိုင်းတုံမြို့နယ်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးရှေ့တွင် ဖမ်းမိခဲ့ပြီး စစ်ဆေးရာ ယာဉ်ပေါ်သိုဝှက်သယ်ဆောင်လာသော ကျပ် တစ်ဘီလီယံကျော် တန်ဖိုးရှိဘိန်းဖြူများကို တွေ့ရှိသိမ်းဆည်းရမိသဖြင့် ယာဉ်မောင်း ကျဟဲ(၃၅)နှစ်၊ ယာဉ်ပေါ်လိုက်ပါလာသူ ကျစောနဲ(၁၅)နှစ်တို့ကို ဖမ်းဆီးပြီး မူး/စိတ် ပုဒ်မဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03

Photo ရဲတပ်ဖွဲ့