News

POST TYPE

NEWS

Quarantine ဝင်နေသူက ရဲတပ်ကြပ်ကို ကတ်ကြေးဖြင့် ထိုး
04-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် Quarantine ဝင်နေသူက ရဲတပ်ကြပ်ကို ကတ်ကြေးဖြင့် ထိုးခဲ့မှု အောက်တိုဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ပြစ်မှုကျူးလွန်သူ စိုင်းမြတ်သူမှာ အောက်တိုဘာလ ၃ ရက် နံနက်အစောပိုင်းက ကလေးမြို့ပြည်သူ့ဆေးရုံရှိ Quarantine စင်တာတွင် ရှိနေစဉ် ၎င်းမှာ ရမ်းကားနေသဖြင့် ဆေးရုံမှ ဝန်ထမ်းများနှင့် ပရဟိတလုပ်ငန်းဆောင်ရွက်နေသူများက ကလေးမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သည်။

ယင်းဖြစ်စဉ်အား ကလေးမြို့မရဲစခန်းမှ ရဲတပ်ကြပ် ဖြိုးလင်းထက်နှင့်အဖွဲ့က လာရာက်ထိန်သိမ်းစဉ် စိုင်းမြတ်သူက ကတ်ကြေးဖြင့် ရန်ပြုတိုက်ခိုက်သောကြောင့် ရဲတပ်ကြပ်မှာ နံရိုးဘေးတွင် ထိုးသွင်းဒဏ်ရာ ရရှိခဲ့သည်။

ပြစ်မှုကျူးလွန်သူ စိုင်းမြတ်သူမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူနှင့် ထိစပ်မိခဲ့သောကြောင့် Quarantine ဝင်နေရသူဖြစ်ပြီး ၎င်းကို ကလေးမြို့မရဲစခန်းမှ (ပ)၈၄၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ အရ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03