News

POST TYPE

NEWS

ဘော်ဆိုင်းတွင် ခဲသတ္တုချော်တူးဖော်စဉ် အောက်ဆီဂျင်ပြတ်ရာမှ သုံးဦး သေဆုံး
29-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဘော်ဆိုင်းကျေးရွာတွင် စက်တင်ဘာလ ၂၈ ရက် ညနေပိုင်းက ခဲသတ္တုချော်တူးဖော်ရာမှ အမျိုးသား ၃ ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

သေဆုံးသူ အမျိုးသားသုံးဦးမှာ ပင်းတယမြို့နယ်၊ ထိုးပုံကျေးရွာနှင့် ဘုရားတိုက်ကျေးရွာတို့တွင် နေထိုင်သူများဖြစ်ကြပြီး ဘော်ဆိုင်းကျေးရွာ၊ ကံသာရပ်ကွက်အတွင်းရှိ မြေကွက်၌ ခဲသတ္တုတွင်းတွင် အခင်းဖြစ်နေ့က ချော်တူးဖော်ခဲ့သည်။

ယင်းသို့ တူးဖော်နေစဉ် ပေတစ်ရာခန့်အနက်ရှိသော ချော်တွင်းထဲသို့ သုံးဦးမှာ ပြုတ်ကျခဲ့သောကြောင့် ၎င်းတို့မှာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့သဖြင့် ရုပ်အလောင်းများကို ဘော်ဆိုင်းတိုက်နယ်ဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် ဟဲဟိုးနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၆/၂၀၂၀) ဖြင့် ရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03