News

POST TYPE

NEWS

ငှက်ပျောခြံလုပ်သားအချင်းချင်း စကားများရာမှ လူသတ်မှုဖြစ်
27-Sep-2020


ရန်ကုန်၊ စက်တက်ဘာ ၂၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ဒဘတ်ယန် ကျေးရွာတွင် စက်တင်ဘာလ ၂၆ ရက်က အမျိုးသားတစ်ဦး အသတ်ခံရမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ လုံးချေ(၄၀)နှစ်မှာ ဝိုင်းမော်မြို့၊ ဒဘတ်ယန်ကျေးရွာအတွင်းရှိ  စီဆန်းစတား ကုမ္ပဏီ ငှက်ပျောခြံလုပ်ကွက် စိုက်ခင်းမှ အလုပ်သမားဖြစ်ပြီး အခင်းဖြစ်နေ့ မွန်းတည့်ချိန်က ထိုးသွင်းဒဏ်ရာ လေးချက်ဖြင့် သေဆုံးနေသည့် ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးရာ 
သေဆုံးသူမှာ ငှက်ပျောခြံမှ အလုပ်သမား သုံးဦးနှင့် အရက်အတူသောက်စဉ် စကားများရန်ဖြစ်ပြီး ဓားဖြင့်ထိုးသတ်ခံရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းဖြစ်စဉ်မှ လူသတ်မှုကျူးလွန်ခဲ့သူမှာ ငှက်ပျော ခြံမှ နေ့စားလုပ်သားဖြစ်သူ မောင်မောင်သိန်း (၄၃) နှစ် ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ထွက်ပြေး တိမ်းရှောင်နေသော ယင်းအမျိုးသားကို ပြည်သူများက  တွေ့ရှိပါက ရဲတပ်ဖွဲ့ထံ သတင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင် ကူညီရန် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ထားသည်။

S-03