News

POST TYPE

NEWS

စစ်ကိုင်းတိုင်းတွင် နှစ်ရက်အတွင်း သစ် ၁၇၀ တန်ကျော်ဖမ်းမိ
27-Sep-2020
ဓာတ်ပုံ-နေပြည်တော်သစ်တောဌာန

မုံရွာ၊စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းအတွင်း စက်တင်ဘာ ၂၃ ရက်နှင့် ၂၄နေ့တို့က ခိုးထုတ်သစ်တန်ချိန် ၁၇၀ ကျော်ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

ကလေးဝမြို့နယ် မဟာမြိုင်ကြိုးဝိုင်းနှင့်ပလ္လင်ကြိုးဝိုင်း၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အနီးတို့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး သစ်စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ကျွန်း၊ ပျဉ်းကတိုး၊ သစ်ယာ၊ကညင်၊အင်သစ်ခွဲသားခြမ်းသားများ စုစုပေါင်းတန် ၁၁၀ ကျော်ကို လူငါးဦးနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော်သစ်တောဦးစီးဌာနထံမှ သိရသည်။


ဓာတ်ပုံ-နေပြည်တော်သစ်တောဌာန

ထို့အပြင် ဖောင်းပြင်မြို့နယ် အရှေ့မြင်သာအနီးတွင်လည်း စက်တင်ဘာ ၂၄ နေ့က ပြည်သူလူထုစောင့်ကြည့်သတင်းပို့စနစ် CRMS အရ မြို့နယ်သစ်တောဝန်ထမ်းမားနှင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော စုပေါင်းအဖွဲ့က အင်၊ ကညင်သစ်ခွဲသား အချောင်းသုံးရာကျော် ၃၆ တန်နှင့် သစ်ခွဲရာတွင်သုံးသည့် အင်ဂျင်စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဌာနမှတ်တမ်းအရ သိရသည်။

ဝန်းသိုမြို့နယ်တွင်လည်း စက်တင်ဘာ ၂၃ နေ့က နမ်းခမ်းကြိုးဝိုင်း အကွက် ၂ အတွင်းမှ ကျွန်းသစ်လုံး ၈၀ ၊၂၉ တန် ကျော်ကို မြို့နယ်သစ်တောဦးစီးဌာနက ဖမ်းမိခဲ့ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

R-08