News

POST TYPE

NEWS

မော်တော်ယဉ်အရောင်းပြခန်း (Showroom) သွင်းကုန်လိုင်စင်များကို အွန်လိုင်းစနစ်ဖြင့်ခွင့်ပြုမည်
26-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၂၇

မော်တော်ယာဉ်အရောင်းပြခန်း (Showroom)များအတွက် သွင်းကုန်လိုင်စင်လျှောက်ထားမှုများကို လာမည့်အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ Fully Online စနစ်ဖြင့်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ Showroom များတွင်လျောက်ထားနိုင်သည့် HS Code line ၇၀၀ ကျော်ကို ထပ်မံခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပြီး ယင်းသို့ထုတ်ပေးရာတွင် လိုအပ်သည့် ကြီး/ကော်ခွင့်ပြုချက်အပါအဝင် လိုအပ်သည့်လုပ်ငန်းအစီအစဉ်ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များကို အွန်လိုင်းစနစ်ဖြင့် တိုးချဲ့ထုတ်ပေးနေခြင်းဖြစ်သည်။

သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ပို့ကုန်သွင်းကုန် လိုင်စင်စောင်ရေ ၂၃,၆၀၀ တန်ဖိုးအမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီယံကျော်ဖိုးကို အွန်လိုင်းစနစ်ဖြင့်ထုတ်ပေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

S-07