News

POST TYPE

NEWS

ရဟန်းတစ်ပါးကို ဓားဖြင့်ခုတ်သတ်ခဲ့သူကို သေနတ်ဖြင့် ပစ်ဖမ်း
26-Sep-2020
ဓာတ်ပုံ-ရဲတပ်ဖွဲ့

ရန်ကုန် ၊ စက်တင်ဘာ ၂၆

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မအူကျေးရွာတွင် ရဟန်းတစ်ပါးကို ဓားဖြင့်ခုတ်သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသော အမျိုးသားကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသော မအူကျေးရွာရှိ အောင်ဓမ္မရိပ်သာဘုန်းကြီးကျောင်း၌ သတင်းသုံးနေထိုင်သော ဆရာတော်ဉူးသုဇာတ(၅၃)နှစ် ဝါတော် (၃၃)ဝါ၏ ရုပ်အလောင်းကို စက်တင်ဘာလ ၂၄ ရက် ညပိုင်းက တွေ့ရှိခဲ့သည်။

အဆိုပါ လူသတ်မှုကို စစ်ဆေးရာ လွန်ခဲ့သောနှစ်လခန့်က ဘုန်းကြီးကျောင်းသို့ ကပ္ပိယအဖြစ် လာရောက်လုပ်ကိုင်နေထိုင်သူ မောင်မောင်လှ(၃၇)နှစ်မှာ ဆရာတော်မှ အပြင်မသွားရန် စည်းကမ်းတင်းကြပ်သည့်ကိစ္စအပေါ် မကျေနပ်သဖြင့် ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း သိရှိရသဖြင့် ၎င်းကို ဖမ်းဆီးစစ်ဆေးရန် ဆောင်ရွက်ခဲ့သည်။

ယင်းသို့ဖမ်းဆီးစဉ် မောင်မောင်လှက ဓားကိုင်ရန်ပြုတိုက်ခိုက်သဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးရာ ပေါင်တွင် ကျည်မှန်ဒဏ်ရာရရှိခဲ့ပြီး ဖမ်းမိသည့် ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03