News

POST TYPE

NEWS

သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်မှုအဆင့်များဖြေလျှော့
20-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၂၀

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနက Covid-19 ကပ်ရောဂါ ဖြစ်ပွားနေမှုကြောင့် သွင်းကုန်/ထုတ်ကုန်လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ချောမွေ့စေရန်အတွက် လုပ်ငန်းဆောင်ရွက်မှုအဆင့်များကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

အကောက်ခွန်ဦးစီးဌာနတွင် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်ရာ၌ MACCS System အသုံးပြု၍ အွန်လိုင်းဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း အချို့ကိစ္စများကို စာရွက်စာတမ်း (Manual) လာရောက်လုပ်ဆောင်နေရသည့်အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

သွင်းကုန်လိုင်စင်ပါရှိပြီး ထောက်ခံချက်လိုအပ်သည့် ပစ္စည်းများတင်သွင်းခြင်းအတွက် ထောက်ခံချက်ပေါ်တွင် Appraiser က လက်မှတ်ရေးထိုးခြင်းကို ဖြေလျှော့ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီ /Agency မှ Shipment တစ်ခုချင်းစီအလိုက် မင်အပြာရောင်ဖြင့် Assess ပြုလုပ်ကာ ယင်း Assess ပြုလုပ်ထားသည့် ထောက်ခံချက်ကို စနစ်အတွင်းတွင် ကြည်လင်ပြတ်သားစွာ တွဲပေးရန်လိုအပ်ကြောင်း သိရသည်။

Cow Service ပြုလုပ်ရာတွင် ယခင်သက်ဆိုင်ရာ Group တာဝန်ခံမှ တစ်ဆင့် တာဝန်ခံ (ရုံး/ရာ)၊ တာဝန်ခံ (ရုံး/ရာ) မှတဆင့် ဒု/ညွှန်မှူး (ထ/သ) ၏ ခွင့်ပြုချက်ရရှိမှာသာ ချိတ်စည်းပယ်ဖျက်ခွင့်ရရှိမည်ဖြစ်သော်လည်း ယခုအခါ Group တာဝန်ခံမှ ချိတ်စည်းပယ်ဖျက်ခွင့်ကို ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် Importer များအနေနှင့် MACCS System တွင် ID တင်သွင်းကြေညာရာ၌ လိုအပ်သည့်စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်စွာ ပူးတွဲတင်ပြရန်လိုအပ်ပြီး ပြည့်စုံမှန်ကန်မှုမရှိသည့် ID များအတွက် System မှတဆင့် MSA/MSB Service ဖြင့် Message ပေးပို့ခြင်း/သက်ဆိုင်ရာ Agency သို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။

ထုတ်ကုန်လုပ်ငန်းဆောင်ရွက်မှု အဆင့်များအနေနှင့်လည်း အရောင်းအဝယ်စာချုပ်၊ ကုန်တန်ဖိုးစာရင်း၊ ကုန်ထုပ်ပိုးစာရင်း၊ Shipping Instruction ၊ Booking Note ၊ Repair and Return နှင့် Re-Export များအတွက် တင်သွင်းစဉ်က သွင်းကုန်ကြေညာလွှာ စသည်များကို ပြည့်စုံစွာတင်ပြရန်လိုအပ်ပြီး Personal Effect ၊ Re-export ၊ Repair and Return နှင့် အခြားအတည်ပြုချက်ရယူရန်ကိစ္စများအတွက် သတ်မှတ်စာရွက်စာတမ်းများ၊ ပူးတွဲတင်ပြရန် လိုအပ်သည့် စာရွက်စာတမ်းများကို ပြည့်စုံစွာတင်ပြရန်နှင့် ယခင်လုပ်ငန်းစဉ်အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

S-07