News

POST TYPE

NEWS

မိုးစပါးစိုက်ဧကတစ်သိန်းကျော် Contract Farming စနစ်ဖြင့် ဆောင်ရွက်ပြီးစီး
17-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၁၇

၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မိုးစပါးစိုက်ဧကတစ်သိန်းကျော်ကို ကန်ထရိုက်လယ်ယာ(Contract Farming) စနစ်ဖြင့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အသင်းဝင်ကုမ္ပဏီများက ကန်ထရိုက်လယ်ယာစီမံကိန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းဖြစ်ပြီး မိုးစပါးစိုက် ဧကပေါင်း ၂၀ဝ,ဝ၀ဝ ကျော်ကို Contract Farming စနစ်ဖြင့် ဆောင်ရွက်ရန် လျာထားကြောင်းသိရသည်။

ဆောင်ရွက်ရန်လျာထားသည့် ဧကပေါင်း ၂၀ဝ,ဝ၀ဝ ကျော်ထဲတွင် စိုက်ဧကပေါင်း ၁၀ဝ,၄၈၃ ဧကကို မြို့နယ်ပေါင်း ၄၉ မြို့နယ်တွင် ကုမ္ပဏီပေါင်း ၅၃ ခုက ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

Contract Farming စနစ်ဖြင့် ဧရာဝတီတိုင်းတွင် မိုးစပါးစိုက်ဧက ၄၅,၅၀ဝ စိုက်ပျိုးရန်လျာထားသော်လည်း ၃၉,၄၈၈ ဧက စိုက်ပျိုးပြီးစီးပြီး ပဲခူးတိုင်းတွင် ၅၂,ဝ၀ဝ ဧကစိုက်ပျိုးရန် လျာထားသော်လည်း ၄၉,၄၀၂ ဧက စိုက်ပျိုးပြီးစီကာ ရန်ကုန်တိုင်းတွင် ၂၁,ဝ၀ဝ ဧက စိုက်ပျိုးရန်လျာထားသော်လည်း ၅၃၅၈ ဧက စိုက်ပျိုးပြီးစီးကာ စစ်ကိုင်းတိုင်းတွင် စိုက်ဧက ၂၃,ဝ၀ဝ စိုက်ပျိုးရန်လျာထားသော်လည်း ဧက ၂၀ဝ၀ စိုက်ပျိုးပြီးစီးကာ ရခိုင်ပြည်နယ်တွင် ဧက ၁၁,ဝ၀ဝ၊ ရှမ်းပြည်နယ်တွင် ဧက ၉၀ဝ၀၊ မွန်ပြည်နယ်တွင် ဧက ၆၅၀ဝ နှင့် နေပြည်တော်တွင် ဧက ၉၀ဝ၀ စိုက်ပျိုးရန်လျာထားကာ ဧက ၃၈၃၅ စိုက် ပျိုးပြီးစီးပြီဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ထို့ပြင် မကွေးတိုင်းတွင် မိုးစပါး စိုက်ဧက ၇၀ဝ၀၊ မန္တလေးတိုင်းဒေသကြီးတွင် ဧက ၆၀ဝ၀ ခန့် စိုက်ပျိုးရန်လျာထားသော်လည်း ဧက ၄၀ဝ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ တနင်္သာရီတိုင်းဒေသကြီးတွင် စိုက်ဧက ၂၀ဝ၀၊ ကချင်ပြည်နယ်တွင် ဧက ၃၀ဝ၀၊ ကယားပြည်နယ်တွင် စိုက် ဧက ၂၀ဝ၀ နှင့် ကရင်ပြည်နယ်တွင် မိုးစပါးစိုက်ဧက ၃၀ဝ၀ ကို Contract Farming စနစ်ဖြင့် စိုက်ပျိုးရန် လျာထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ သိရသည်။   

S-07