News

POST TYPE

NEWS

YBS ယာဉ်များတွင် ပါတီစတစ်ကာနှင့် အလံများတပ်ဆင်ပါက ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူမည်
16-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၁၆

YBS ယာဉ်များတွင် နိုင်ငံရေးပါတီများနှင့် သက်ဆိုင်သည့်အလံနှင့် ပါတီစတစ်ကာများတပ်ဆင်ပါက ယာဉ်လိုင်းပိတ်သိမ်းသည်အထိအရေးယူမည် ဖြစ်ကြောင်း Power Eleven ဘတ်စ်ကားအများပိုင်ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာဦးတရုတ်လေးက ပြောကြားသည်။

အဆိုပါ ညွှန်ကြားချက်ကို စက် တင်ဘာလပထမအပတ်တွင် YRTA က ဘတ်စ်ကားကုမ္ပဏီများထံ ဆက်သွယ် အသိပေးခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ် များအပြင် ယာဉ်မောင်းများအနေနှင့် လည်း အလုပ်ချိန်အတွင်း နိုင်ငံရေး ပါတီများ၏ အမှတ်တံဆိပ်ပါ အင်္ကျီ၊ နှာခေါင်းစည်း၊ နှဖူးစည်းစသည်တို့ မဝတ်ဆင်ရန် ညွှန်ကြားထားကြောင်း Power Eleven ထံမှသိရသည်။

အရေးယူမှုများကို ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏပိုင်အဖွဲ့ (YRTA) ၏ ထုတ်ပြန်ချက်အရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ညွှန်ကြားချက်လိုက်နာခြင်းမရှိ သည့် ယာဉ်လိုင်းများကို မော်တော်ယာဉ် ပြေးဆွဲခွင့် ယာယီပိတ်သိမ်းခြင်းနှင့်  ယာဉ်မောင်းများ ဖောက်ဖျက်ကျူးလွန် ပါက မော်တော်ယာဉ်မောင်းနှင်ခွင့် ပိတ်သိမ်းခြင်းများကို ကုမ္ပဏီအစီအစဉ်ဖြင့် ပြစ်ဒဏ်များ ချမှတ်မည်ဖြစ်သည်။

အများပြည်သူ သယ်ယူပို့ဆောင် ရေးဘတ်စ်ကားများတွင် စတစ်ကာ ကြော်ငြာတပ်ဆင်မှုနှင့်ပတ်သက်၍ YRTA က ၂၀၁၇ ခုနှစ်မှစ၍ ကန့်သတ် ချက်ထုတ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီ တံဆိပ်များကဲ့သို့ ကြော်ငြာများနှင့်  အရက်၊ ဘီယာကြော်ငြာများကို ကန့်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဘတ်စ်ကားအများပိုင်ကုမ္ပဏီများထံမှ သိရသည်။

လကိရှိတွင် ပုဂ္ဂလိကပိုင်ယာဉ် လိုင်းတချို့၌ ပါတီစတစ်ကာများ ကပ်နှိပ်ထားသည့် ယာဉ်အချို့ရှိနေပြီး အဆိုပါ မော်တော်ယာဉ်များကို သတိပေးမှုများ ပြုလုပ်ထားကြောင်း ယာဉ်လိုင်းအချို့ထံမှ  သိရသည်။       

J-03