News

POST TYPE

NEWS

သွင်းကုန်လိုင်စင်ကြေး ဖြေလျှော့ကောက်ခံမှုကို ဒီဇင်ဘာလအထိတိုးမြှင့်
16-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၁၅

Covid-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုလျော့နည်းသက်သာစေရေးအတွက် သွင်းကုန်လိုင်စင်ကြေးနှုန်းထား ဖြေလျှော့ကောက်ခံမှုကို ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့်သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

သွင်းကုန်လိုင်စင်ကြေးကောက်ခံမှုကို ယခင်က သွင်းကုန်ပစ္စည်း၏ ဆိပ်ကမ်းရောက်တန်ဖိုး (CIF) အပေါ်မူတည်၍ အဆင့်အလိုက်သတ်မှတ်ကောက်ခံခဲ့ရာ မှ သွင်းကုန်လိုင်စင်တစ်စောင်လျှင် ကျပ် ၃၀,ဝ၀ဝ (ကျပ်သုံးသောင်း) နှုန်းဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက် နေ့အထိ ဖြေလျှော့ကောက်ခံပေးနေခြင်း ဖြစ်သည်။

ယင်းသို့ သွင်းကုန်လိုင်စင်ကြေးနှုန်းထား ဖြေလျှော့ကောက်ခံမှုကို ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၆ ရက်နေ့တွင်ပြုလုပ်သည့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ Covid-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ၏ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးသည့်အနေ နှင့် နိုင်ငံတော်က ဖြေလျှော့ပေးထားသည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အခွန်အခများနှင့် ငွေကြေးထောက်ပံ့မှုများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလကုန်အထိကာလ တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ပါရှိသည်။   

S-07