News

POST TYPE

NEWS

ဆောက်လုပ်ရေးလုပ်ငန်းများ ပိတ်မည့်သတင်း မမှန်ဟု ဝန်ကြီးဆို
14-Sep-2020


မန္တလေး၊ စက်တင်ဘာ ၁၄

မန္တလေးတိုင်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားမည့်သတင်းမှာ  မှန်ကန်မှုမရှိကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားမည်ဟူသော သတင်းများထွက် ပေါ်နေသဖြင့် အတည်ပြုနိုင်ရန် သတင်း မီဒီယာများက မေးမြန်းရာတွင် ဦးဇာနည်အောင်က ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းများပိတ် လိုက်မည်ဆိုပါက ယင်းလုပ်ငန်းကို မှီခို နေရသော ပန်းရန်၊ လက်သမား၊ မီးသမား အစရှိသည့် အခြေခံလုပ်သား မိသားစု များ အခက်အခဲဖြစ်နိုင်ကြောင်း၊ လုပ်ငန်းမပိတ်သော်လည်း လုပ်ငန်းခွင်တွင် ကျန်း မာရေးဌာနကချမှတ်ထားသော စည်းကမ်းနှင့်အညီ ဆောင်ရွက်နေသည်ဟု  မန္တလေးမြို့ခံ ပန်းရန်လုပ်ငန်းခေါင်းဆောင် တစ်ဦးက  ပြောကြားသည်။

ကိုဗစ်ဒုတိယလှိုင်းကြောင့် မန္တလေး တိုင်းအတွင်း လူစည်ကားသော အဆင့်မြင့်ဈေးချိုဆိုင်ခန်းများ၊ မန်းမြန်မာ ပလာဇာဆိုင်ခန်းများ၊ ရတနာပုံဈေး အစရှိသည့်ဈေးများကို ယာယီပိတ်သိမ်းထား ပြီး စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များအနေနှင့် ပါဆယ်ဖြင့်သာ ရောင်း ချရန် ခွင့်ပြုထားကြောင်း၊ ယင်းအပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်စောင့်ခြင်း၊ အခြားဘာသာရေး ကျောင်းများတွင် ဝတ်ပြုခြင်းများကို လည်း စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ ယာယီပိတ်သိမ်းရန် ညွှန်ကြား ထားကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

S-02