News

POST TYPE

NEWS

ရန်ကုန်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၆၄၇ ဦးကို အရေးယူ
03-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီးတွင် စက်တင်ဘာ ၂ ရက်နေ့က ညမထွက်ရ အမိန့်ကို ဖောက်ဖျက်ကျူးလွန်သူ ၆၄၇ ဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အရေးယူခံရသည့် အမျိုးသား ၆၁၈ ဦးနှင့် အမျိုးသမီး ၂၉ ဦးမှာ ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ အပြင်မထွက်ရ အမိန့်ထုတ်ပြန်ချက်ကို ဖောက်ဖျက်ကျူးလွန်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့် အရေးယူခံရခြင်းဖြစ်သည်။

ပုဒ်မ ၁၈၈ မှာ အလုပ်မဲ့ထောင်ဒဏ်တစ်လအထိ အမိန့်ချနိုင်ပြီး ယခုအခါ Covid-19 ကပ်ရောဂါ ဖြစ်ပွားသူဦးရေ တိုးလာခြင်းကြောင့် ညမထွက်ရအမိန့်အား မလိုက်နာသူများကို ထိရောက်စွာဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်က ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန် ခဲ့သော အမျိုးသားသုံးဦးကို ထောင်ဒဏ်တစ်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03