News

POST TYPE

NEWS

ပိုကောင်းသည့်ခြေစွမ်းကို မြင်တွေ့ရမည်ဟု ရန်ကုန်နည်းပြပြော
02-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၁

မြန်မာလိဂ် ပွဲစဉ် ၁၂ တွင် အိမ်ကွင်း၌ ရတနာပုံအသင်းကို အနိုင်ရရှိခဲ့သည့် ပွဲစဉ် ကြောင့် ကစားသမားများ၏ ယုံကြည်မှု ပိုမိုတိုးတက်ခဲ့ပြီး ပိုကောင်းသည့်ခြေစွမ်းကို လာမည့်ပွဲစဉ်များတွင် ပြသနိုင်မည်ဖြစ် ကြောင်း ရန်ကုန်နည်းပြချုပ် ဦးမင်းထွန်းလင်းကပြောသည်။

သြဂုတ်လ ၃၀ ရက်က ရန်ကုန် ယူနိုက်တက်အိမ်ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲတွင် ရန်ကုန်အသင်းက ဦးဆောင်ဂိုးများ ဆက်တိုက်သွင်းယူနိုင်ခဲ့ပြီး ကစား ကွက်အသာစီးဖြင့် ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမှာ ကစားကွက်ကို အနည်းငယ်အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်ပြီး မြန်မာ့ လက်ရွေးစင်အသင်း၏ ကစားပုံအတိုင်း နောက်လာမည့်ပွဲစဉ်များတွင် ကစားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကစားသမားတွေရဲ့ ကြိုးစားအား ထုတ်မှုကြောင့် နိုင်ပွဲရခဲ့တာပါ။ ရန်ကုန်မှာက ကစားသမားကောင်းတွေ အများကြီး ရှိတာကြောင့် နည်းစနစ်အနည်းငယ် ပြောင်းလိုက်တာပါ။ ဒီပွဲနိုင်လိုက်တာ ကြောင့် ကစားသမားတွေရဲ့ယုံကြည်မှုက ပိုကောင်းသွားတယ်။ နောက်ပွဲစဉ်တွေမှာ သူတို့ရဲ့ခြေစွမ်း အစစ်အမှန်တွေကို မြင်ခွင့်ရမှာပါ”ဟု ဦးမင်းထွန်းလင်းက ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့်ပွဲတွင် ရတနာပုံကစားသမားများ အနည်းငယ် ဒဏ်ရာရရှိနေခဲ့ပြီး အပြည့်အဝကစားနိုင် ခြင်းမရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်စစ်မှူး အောင်သူကို ပံ့ပိုးပေးမှု အားနည်းခဲ့ခြင်း ကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ကြောင်း ဦးအောင်ကျော်မိုးက ပြောသည်။

ပွဲများ ဆက်တိုက်ကစားနေရခြင်း အတွက် ကစားသမားများပွဲပန်းမှုရှိနေပြီး အလှည့်ကျအသုံးပြုသည့် နည်းလမ်းဖြင့် ပွဲတိုင်းကို အကောင်းဆုံးပုံစံရရှိအောင် ကြိုးစားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရန်ကန်ယူနိုက်တက်အသင်းသည် လက်ရှိတွင် ရမှတ် ၂၀ မှတ်ဖြင့် အမှတ် ပေးဇယား အဆင့် ၃ နေရာတွင် ရပ်တည် နေပြီး ရတနာပုံအသင်းက ၁၄ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။

ချစ်ဝိုင်း