News

POST TYPE

NEWS

လက်ဘနွန်အစိုးရသစ်ဖွဲ့စည်းရန် ပြင်သစ်သမ္မတ မက်ခရွန် တိုက်တွန်း
02-Sep-2020


ဘေရွတ်၊ စက်တင်ဘာ ၁

လက်ဘနွန်တွင် ဝန်ကြီးချုပ်သစ်ခန့်အပ်ပြီးနောက် အစိုးရသစ် အလျင်အမြန်ဖွဲ့စည်းရန် ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်က တိုက်တွန်းပြောကြားသည်။

ဂျာမနီနိုင်ငံဆိုင်ရာ လက်ဘနွန်သံအမတ်ဟောင်းဖြစ်သူ မူစတာဖာအာဒစ်ဘ်သည် ပါလီမန်အမတ်အများစု၏ ထောက်ခံမှုဖြင့် ယခုရာထူးသစ်ကို ရရှိလာခဲ့ခြင်းဖြစ်သည်။

မစ္စတာမက်ခရွန်၏ ကြားဝင်ဖျန်ဖြေမှုသည် ဝန်ကြီးချုပ်သစ်ခန့်အပ်ရန် သဘောတူညီမှုရရှိခြင်းအတွက် အလွန်အရေးပါကြောင်း လက်ဘနွန်အကြီးတန်း အရာရှိများက ပြောကြားသည်။

သြဂုတ်လ ၄ ရက်နေ့က ဘေရွတ်မြို့တွင် ဧရာမပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် လက်ဘနွန်အစိုးရအဖွဲ့ နုတ်ထွက် သွားခဲ့ခြင်းဖြစ်သည်။

ဆိပ်ကမ်းသိုလှောင်ရုံတွင် အမိုနီယမ်နိုက်ထရိတ်များ စနစ်တကျသိုလှောင်ခြင်း မရှိသဖြင့် ပေါက်ကွဲမှုကြီးဖြစ်ခဲ့သောကြောင့် အနည်းဆုံး လူ ၂၀ဝ ခန့် သေဆုံးခဲ့ရသည်။

ပြင်သစ်သမ္မတ မက်ခရွန်သည် တနင်္လာနေ့က ဘေရွတ်မြို့သို့ ရောက်ရှိလာရာ အဆိုပါဧရာမပေါက်ကွဲမှုကြီးအပြီး ဒုတိယအကြိမ်မြောက် လာရောက်ခြင်းလည်းဖြစ်သည်။ လက်ဘနွန်နိုင်ငံရေးသမားများအနေနှင့် အကျင့်ပျက်ခြစားမှုနှင့် ဘဏ္ဍာရေးဖြုန်းတီးမှုများအပေါ် ကိုင်တွယ်ရေးအတွက် ယခုလာရောက်သည့် ခရီးစဉ်အတွင်း တွန်းအားပေးသွားရန် မက်ခရွန်က မျှော်လင့်ထားသည်။

တစ်စုံတစ်ရာ ကတိပြုထားပြီးဖြစ်သည့် မစ္စတာအာဒစ်ဘ်က "တတ်နိုင်သမျှအမြန်ဆုံး အစိုးရသစ်တစ်ရပ်ဖွဲ့သင့်ပါတယ်" ဟု သတင်းထောက်များကို ပြောဆိုသည်။

သို့ရာတွင် ပြင်သစ်သမ္မတ ၏ခရီးစဉ်အတွင်း ဆန္ဒပြမှုများနှင့်ကြုံတွေ့ခဲ့ရပြီး ၎င်းတို့က 'အာဒစ်ဘ် အလိုမရှိ' ဟု ကြွေးကြော်ခဲ့ကြသည်။ ထို့ပြင် မစ္စတာ အာဒစ်ဘ်ကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်မှုသည် တိုင်းပြည်၏ပိုနေမြဲကျားနေမြဲ အခြေအနေကိုသာ ဆက်လက်တည်တံ့စေမည်ဟု ရှုမြင်ကြသည်။

အသက် ၄၈ နှစ်အရွယ် ဂျာမနီနိုင်ငံဆိုင်ရာ သံအမတ်ဟောင်းဖြစ်သူ မစ္စတာအာဒစ်ဘ်သည် ဥပဒေနှင့် နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ရတစ်ဦးဖြစ်ပြီး လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း နာဂျစ်မီကာတီ၏ အကြံပေးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

F-03