News

POST TYPE

NEWS

ရခိုင်ပြည်နယ်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာများလှူဒါန်းမည်
01-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၁

ကုန်သည်စက်မှုအသင်းချုပ်က Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများ အများဆုံးဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်သို့ အရေးပေါ်လိုအပ်မည့်ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ လှူဒါန်းသွားမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ယင်းလှူဒါန်းမှုတွင် အသင်းသူအသင်းသားများ၊ ညီနောင်အသင်းအဖွဲ့များ၊ အမှုဆောင်များနှင့် လုပ်ငန်းရှင်များလည်း ထည့်ဝင်လှူဒါန်းလိုပါက ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်းပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ရောင်းဝယ်နိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်နှင့် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်သွားရန် သြဂုတ်လ ၃၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းအစည်းအဝေးကို Video Conferencing ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

S-07