News

POST TYPE

NEWS

ဒိုဟာတီကို ပေါင် ၁၅ သန်းဖြင့် စပါးအသင်း အပြီးသတ်ခေါ်ယူ
01-Sep-2020


လန်ဒန်၊ သြဂုတ် ၃၁

စပါးအသင်းသည် ဝုဗ်အသင်းညာ နောက်ခံလူ ဒိုဟာတီကို ပေါင် ၁၅သန်းဖြင့် အပြီးသတ်ခေါ်ယူခဲ့ပြီဖြစ်ကြောင်း Sportmail က ဖော်ပြခဲ့သည်။ 

အသက် ၂၈ နှစ်အရွယ်ဒိုဟာတီအတွက် နှစ်ဖက်အသင်းကြားသဘောတူညီမှုရယူခဲ့ပြီးနောက် စပါးနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၂ ဂျာစီကို ဝတ်ဆင်မည်ဖြစ်သည်။ 

စပါးသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီးနောက် ဒိုဟာတီက “ထိပ်တန်းကလပ်ကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက်ဂုဏ်ယူပါတယ်။  ကျွန်တော်မြင်ဖူးသမျှထဲမှာတော့ စပါးအသင်းရဲ့ ကစားကွင်းနဲ့လေ့ကျင့်ရေးကွင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးထဲကတစ်ခုပါပဲ။ အသစ်တစ်ခုကိုစတင်တဲ့နေရာမှာအလျင်အမြန်နဲ့ အကောင်းဆုံးလုပ်နိုင်ဖို့က အရေးကြီးပါတယ်။ ဒီကိုရောက်လာတဲ့အတွက် စိတ်လှုပ်ရှားပါတယ်”ဟု ဆိုခဲ့သည်။ 

ဒိုဟာတီသည် ယခုနွေဈေးကွက်အတွင်း စပါးအသင်းခေါ်ယူခဲ့သည့်တတိယမြောက်ကစားသမားလည်းဖြစ်သည်။ 

ဒိုဟာတီသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဝုဗ်အသင်းအတွက်ပွဲ ၅၀ ကစားပေးခဲ့ပြီး ၇ ဂိုးသွင်းနိုင်ခဲ့သည်။ 

စပါးအသင်းသည် ဒိုဟာတီကိုခေါ်ယူခဲ့ပြီးနောက် အိုင်ဗရီကို့စ် နောက်ခံလူ အော်ရီယာကို ရောင်းချရန်စီစဉ်နေပြီး ၎င်းကို အေစီမီလန်အသင်းက ခေါ်ယူရန်ရှိနေသည်။                         

ငြိမ်းပြည့်