News

POST TYPE

NEWS

ပုသိမ်စက်မှုမြို့တော် ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးအတွက် A Logistics အမည်ရှိ ဖက်စပ်ကုမ္ပဏီအသစ်တည်ထောင်
14-Aug-2020


ရန်ကုန်၊ သြဂုတ် ၁၃

ပုသိမ်စက်မှုမြို့တော်အတွင်း ဘက်စုံထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အဦတစ်ခုအဖြစ် တည်ထောင်ထားသော ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း Ayeyarwaddy International Port (AIIP) ကို အကောင်အထည်ဖော် စီမံခန့်ခွဲသူအဖြစ်  ဆောင်ရွက်နိုင်ရန်နှင့် One-stop Logistics Service ဆောင်ရွက်နိုင်ရန် A Logistics Co., Ltd. အမည်ရှိ Logistics ဖက်စပ်ကုမ္ပဏီတစ်ခုတည်ထောင်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။

Logistics ကုမ္ပဏီကို Ayeyar Hinthar Holdings Co., Ltd. နှင့် Ever Flow River Group Public Co., Ltd. တို့ ပူးပေါင်းတည်ထောင်ခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီသည် ပုသိမ်စက်မှု မြို့တော်အတွက် အဓိကဘက်စုံထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍတစ်ခုအဖြစ် နိုင်ငံ တကာအဆင့်မီဆိပ်ကမ်း၊ ကုန်လှောင်ရုံ၊ ကုန်သေတ္တာလွင်ပြင်နှင့် Bonded Warehouse များ စသည်ဖြင့် လိုအပ်သော အခြေခံအဆောက်အဦများ အပြည့်အစုံပါဝင်မည်ဖြစ်ပြီး ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်သည့် စတုရန်းကီလိုမီတာ သုည ဒသမ ၃၄ ခန့် ကျယ်ဝန်းသော နိုင်ငံတကာဆိပ်ကမ်းကြီးတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်သည်။

A Logistics Co., Ltd. က ဆောင်ရွက်သွားမည့် လုပ်ငန်းများမှာ AIIP ဆိပ်ကမ်းအတွက် Operator အဖြစ် ဆောင်ရွက်နိုင်ရန် လိုအပ်သော Design ၊ Operation ၊ Work Force များအတွက် လေ့ကျင့်ပျိုးထောင်ခြင်းများ လုပ်ဆောင်ရန်၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ဆက်စပ်ဒေသများ၏ Manu-facturing နှင့် Trading လုပ်ငန်းများ တိုးတက်မှုအတွက် လိုအပ်သော Logistics ဆိုင်ရာ ပံ့ပိုးမှုများဆောင်ရွက်ပေးရန်၊ စရိတ်စက သက်သာလွယ်ကူစွာဖြင့် ဒေသထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ပို့ဆောင်ပေးနိုင်ရန်၊ စိုက်ပျိုးရေးအပါအဝင် ကုန်ထုတ်လုပ်မှုနှင့် အထည်ချုပ် CMP လုပ်ငန်းများအတွက် လိုအပ်သောဘက်စုံထောက်ပံ့ ပို့ဆောင် ရေးဝန်ဆောင်မှု Logistics Services များကို ဆောင်ရွက်ပေးနိုင်ရန်တို့ဖြစ်သည်။

ယင်းစီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များနှင့် အခြားဒေသထွက်ကုန်များကို နိုင်ငံတကာဈေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အရည်အသွေးမြင့် ကုန်ပစ္စည်းများကို လက်ဦးမှုရယူရောင်းချနိုင်ရန်အတွက် ပြည်တွင်းထုတ်ကုန်ကို  တစ်စိတ်တစ်ဒေသ ပံ့ပိုးမြှင့်တင်နိုင်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။               

J-03