News

POST TYPE

NEWS

နိုင်ငံတကာအွန်လိုင်း တိုက်ကွမ်ဒိုင်ပြိုင်ပွဲတွင် အောင်ဆန်းတိုက်ကွမ်ဒိုကလပ်အသင်းက ရွှေဆံဆိပ်လေးခုဆွတ်ခူး
12-Aug-2020


ရန်ကုန်၊ ဩဂုတ် ၁၁

THE HEROES TAEKWONDO VIRTUAL INTERNATIONAL  CHAMPION-SHIP Online Poomsae ပြိုင်ပွဲကို မြန်မာကိုယ်စားပြု အောင်ဆန်းတိုက်ကွမ်ဒို ကလပ်အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၄)ဆု၊ ငွေတံဆိပ်(၁)၊ ကြေးတံဆိပ်(၂)ဆု ရရှိခဲ့သည်။

သြဂုတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲတွင် အတန်းရှစ်တန်းဖြင့် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက အတန်းငါးတန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲကို ဥရောပ၊ အာရှ၊ အမေရိကနှင့် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံပေါင်း ၃၀ က ကလပ်အသင်း ၈၁ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အသက် (၈) နှစ်အောက်ပြိုင်ပွဲတွင် ထူးလရောင်က ရွှေတံဆိပ်တစ်ခု၊ အသက် (၁၀) နှစ်အောက်ပြိုင်ပွဲတွင် ဟိန်းခန့်ကျော်က ရွှေတံဆိပ်တစ်ခု၊ အသက် (၁၂) နှစ် အောက်ပြိုင်ပွဲတွင် မောင်ဘုန်းသစ်ကျော်က ရွှေတံဆိပ်တစ်ခုနှင့် အသက် (၁၄) နှစ် အောက်ပြိုင်ပွဲတွင် လင်းလက်အောင်က ရွှေတံဆိပ်တစ်ခု အသီးသီး ဆွတ်ခူးရရှိခဲ့သည်။

အသက် (၁၄) နှစ်အောက် ပြိုင်ပွဲတွင် ကောင်းဇင်ခန့်ကငွေတံဆိပ်တစ်ခု၊ အသက် (၁၂) နှစ်အောက်ပြိုင်ပွဲတွင် လင်းလွန်းတံခွန်က ကြေးတံဆိပ်တစ်ခု၊ အသက် (၁၇) နှစ် အောက်ပြိုင်ပွဲတွင် စိုင်းနေဇင်ထွန်းထွန်းက ကြေးတံဆိပ်တစ်ခု ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အောင်ဆန်းတိုက် ကွမ်ဒိုကလပ်အသင်းမှ ကစားသမား (၁၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ (၇) ဦးမှာ ဆုတံဆိပ်ရရှိပြီး ကျန် (၅) ဦးမှာ အဆင့်သတ်မှတ်ခြင်း ဂုဏ်ပြုလက်မှတ်သာ ရရှိခဲ့သည်။

ချစ်ဝိုင်း