News

POST TYPE

NEWS

ပြည်သူများ မကျေနပ်နေကြသည့် ဘေရွတ်ပေါက်ကွဲမှု ကိစ္စ လက်ဘနွန်အစိုးရတစ်ဖွဲ့လုံး နူတ်ထွက်
11-Aug-2020


ဘေရွတ်၊ သြဂုတ် ၁၁

ပြီးခဲ့သည့် ရက်ပိုင်းက လက်ဘနွန်နိုင်ငံတွင် ပေါက်ကွဲမှုကြီးဖြစ်ခဲ့ပြီး လူနှစ်ရာကျော် သေဆုံးခဲ့ရာမှ အစိုးရ၏ ပေါ့ဆမှုကို လူထုက ဒေါသထွက်နေကြစဉ် အစိုးရတစ်ဖွဲ့လုံးနူတ်ထွက်ပေးသွားခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။

အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်သည့် ကြေညာချက်ကို ဝန်ကြီးချုပ်ဟက်ဆန်ဒိုင်ယက် က အစိုးရရုပ်သံလိုင်းတွင် ကြေညာသွားခဲ့သည်။

အစိုးရ၏ ပေါ့ဆမှု၊ အကျင့်ပျက်မှုများကြောင့်ဟု လူအများက စွပ်စွဲထားခြင်း ဖြစ်သည်။ ဆန္ဒပြသူများ လမ်းပေါ်ထွက်လာကြပြီး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက် အဓိကရုဏ်းများလည်း ဖြစ်ပွါးခဲ့သည်။

လက်ဘနွန်ဆိပ်ကမ်းတွင် ငါးနှစ်ကြာအောင် မလုံမခြုံ သိုလှောင်ထားသော အမိုနီယမ်နိုက်ထရိတ် ၂၇၅၀ တန် ပေါက်ကွဲမှုကြောင့် ဖျက်အားပြင်း ထိခိုက်မှုများ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

အစိုးရသစ် မဖွဲ့ခင်အချိန်အထိ လက်ရှိအစိုးရအနေဖြင့် အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူပေးရန် သမ္မတမီချယ်အွန်း က တိုက်တွန်းထားသည်။

အစိုးရအနေဖြင့် တိုင်းပြည်ကို ကယ်တင်ရန်အတွက် အစီအစဉ်လမ်းကြောင်းများ ချမှတ်ခဲ့ပါသော်လည်း လက်ဘနွန်ရှိ အကျင့်ပျက် ခြစားမှုသည် အစိုးရထက် ကြီးနေပြီး အပြောင်းအလဲဆီသို့ သွားရန် ထူထဲ သော ဆူးခင်း နံရံကြီး ခြားနေကြောင်း ဝန်ကြီးချုပ်က ပြောကြားသွားခဲ့သည်။