News

POST TYPE

NEWS

ပြည်တွင်းရွှေဈေးနှုန်းများ ဆက်လက်မြင့်တက်
10-Aug-2020


ရန်ကုန်၊ သြဂုတ် ၁၀

ကမ္ဘာ့ရွှေဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းမှာလည်း တစ်ကျပ်သားလျှင် ကျပ် ၁,၃၃၃,ဝ၀၀ အထိ ဆက်လက်မြင့်တက်လျက်ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂,ဝ၀၀ ကျော်အထိမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ကျပ် ၁.၃၀၀,ဝ၀၀ အထက်အထိ ပေါက်ဈေးဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များက ဆိုသည်။

“အဓိကက တရုတ်နဲ့ အမေရိကန်ကြောင့် ကမ္ဘာ့ရွှေဈေးတက်လာပြီး ပြည်တွင်းဈေးလည်း လိုက်တက်လာတာပါ။ ဈေးတက်တဲ့အတွက် ပြန်ရောင်းတဲ့သူတွေလည်း နည်းနည်းပါးပါးရှိတယ်။ အရောင်းပိုင်းကတော့ ဈေးတက်တဲ့အတွက် နည်းနည်းကျသွားတာပေါ့” ဟု တိတ်စိန်ရွှေဆိုင်မှ ဦးဇော်အောင်က သုံးသပ်ပြောကြားသည်။

သြဂုတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းရွှေဈေးအရ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၃၃၃,ဝ၀၀ ပေါက်ဈေးရှိပြီး ကမ္ဘာ့ရွှေဈေးတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂,ဝ၃၃ အထိ ပေါက်ဈေးဖြစ်ပေါ်နေခြင်းဖြစ်သည်။

ရွှေဈေးများ ကျပ် ၁,၃၀၀,ဝ၀၀ ကျော်အထိ မြင့်တက်နေသည့်အတွက် ရွှေစုဆောင်းထားသူများက ပြန်ရောင်းသည်များလည်းရှိပြီး အရောင်းအဝယ်မှာ အနည်းငယ်အေးစက်လျက်ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၃၀၀,ဝ၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ဖူးသည်။

S-07