News

POST TYPE

NEWS

ကိုင်ဟာဗက်ဇ်အတွက်မျှော်လင့်မထားသော်လည်း နွေဈေးကွက်အတွင်း ပို၍လှုပ်ရှားမှုများတိုးမြှင့်လုပ်ဆောင်ရန် လမ်းပတ် ပစ်မှတ်ထားလာ
10-Aug-2020


လန်ဒန်၊ သြဂုတ် ၉ 

ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်ကို ၄-၁ ဖြင့် အရေးနိမ့်ခဲ့ပြီးနောက်  ချဲလ်ဆီးနည်းပြလမ်းပတ်သည် နွေဈေးကွက်အတွင်း လှုပ်ရှားမှုများကို တိုးမြှင့်လာဖွယ်ရှိနေကြောင်း The Sun ကဖော်ပြခဲ့သည်။ 

လမ်းပတ်၏အသင်းသည်ချန်ပီယံလိဂ် ၁၆သင်းအဆင့်တွင် ဘိုင်ယန်ကို နှစ်ကျော့ပေါင်းရလဒ် ၇-၁ ဂိုးဖြင့်အရေး နိမ့်ခဲ့ပြီးနောက် ထိပ်တန်းအဆင့်ရောက် ရန်လိုအပ်ချက်များစွာရှိနေကြောင်းကို သဘောပေါက်နားလည်ခဲ့သည်။ 

ချဲလ်ဆီးအသင်းအနေနှင့်လာမည့် ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားသော်လည်း ရှေ့ဆက်အောင်မြင်ရန်အတွက် ပြုပြင်ပြောင်းလဲရေးကို ပြုလုပ်ရဦးမည်ဟု လမ်းပတ်ကယုံကြည်နေသည်။ 

"ကျွန်တော်တို့ရဲ့အလုပ်ကို ပြီးစီးအောင်လုပ်ဖို့အတွက် ပူးပေါင်းရမှာပါ။ ပြီးခဲ့တဲ့ နွေရာသီမှာအပြောင်းအရွှေ့ပိတ်ပင်ခံခဲ့ရတဲ့အချိန်မှာ တခြားအသင်းတွေက ငွေကြေးသုံးစွဲပြီးတိုးတက်လာခဲ့ပါတယ်။ ကြီးမားတဲ့ လွဲချော်မှုတစ်ရပ်လို့ ခံစားရပါတယ်။ အခုလိုညမျိုးတွေက ဘောလုံးရဲ့သဘောတရားကို ပြသနေသလို ကျွန်တော့်ကိုအများကြီးပြသွားပြီး စကားတွေအများကြီးပြောသွားပါတယ်။  ရာသီကုန်မှာအလျင်အမြန်ပြောင်းလဲဖို့ ကြိုးစားရမှာဖြစ်သလို တိုးတက်လာဖို့ လုပ်ဆောင်ရမယ့်အချိန်ကို ရောက်လာပါပြီ" ဟု လမ်းပတ်ကဖွင့်ဟခဲ့သည်။ 

လက်ရှိချဲလ်ဆီးအသင်းအနေအထားမှာ ပုံမှန်မဖြစ်သေးသလို သတ်မှတ်ချက်စံ နှုန်းနှင့်မကိုက်ညီသေးဟု လမ်းပတ်ကဝန်ခံခဲ့သည်။  

ငြိမ်းပြည့်