News

POST TYPE

NEWS

MAI က COVID-19 ကာလအတွင်း နေရပ်ပြန်များနှင့် မရှိမဖြစ်ကုန်ပစ္စည်းများသယ်ရန် နိုင်ငံ ၁၉ ခုသို့ပျံသန်း
09-Aug-2020
ရန်ကုန်၊ သြဂုတ် ၉

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) က COVID-19 စတင်ဖြစ်ပွားသည့် မတ်လမှ ဇူလိုင်လအတွင်း နေရပ်ပြန်မြန်မာများနှင့် မရှိမဖြစ်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် နိုင်ငံပေါင်း ၁၉ နိုင်ငံနှင့် ခရီးစဉ်ပေါင်း ၂၃ ခု ပျံသန်းခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်း ထုတ်ပြန်ချက်အရ သိရသည်။

MAI သည် နေရပ်ပြန်ခြင်းခရီးစဉ်များကို ပြီးခဲ့သည့်မတ်လစတင်ကာ ပုံမှန်ပျံသန်းနေသည့် လေကြောင်းလိုင်းများ ရပ်နားချိန်တွင် နေရပ်ပြန်မြန်မာများနှင့် မရှိမဖြစ်လိုအပ်သည့်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရန် ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း ခရီးစဉ် ၂၃ ခုတွင် ခရီးသည်ပေါင်း ၁၁,ဝ၀၀ ကျော်နှင့် ကုန်ပစ္စည်းတန်ချိန်ပေါင်း ၅၀၀,ဝ၀၀ ကီလိုကို သယ်ဆောင်ပျံသန်းခဲ့သည်။

လက်ရှိတွင် MAI အနေနှင့် ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အခက်အခဲမဖြစ်စေရန် မရှိမဖြစ်လိုအပ်သော ကုန်စည်များနှင့် ခရီးသည်သယ်ယူပို့ဆောင်ခြင်း ဝန်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အရေးပေါ်ကိစ္စရပ်များအတွက် လေယာဉ်ပျံသန်းခြင်းမှအပ ကျန်ရှိသည့် နိုင်ငံတကာခရီးစဉ်များအားလုံးကို မတ်လ ၃၀ ရက်မှ စတင်ကာ ယာယီရပ်နားထားပြီး ပြည်တွင်းခရီးစဉ် ပြေးဆွဲမှုများကိုသာ ဖွင့်လှစ်ထားကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထံမှ သိရသည်။

J-03