News

POST TYPE

NEWS

ဂျူဗင်တပ်နှင့်အတူ စကူဒက်တိုဖလားကို ၁၀ ကြိမ်ဆက်ရယူရန် စီရော်နယ်ဒို စိတ်ပိုင်းဖြတ်ထား
04-Aug-2020


တူရင်၊ သြဂုတ် ၃

တိုက်စစ်မှူးစီရော်နယ်ဒိုသည် ဂျူဗင်တပ်အသင်းတွင် အနိမ့်ဆုံးတစ်ရာသီ ဆက်ရှိနေလိမ့်မည်ဖြစ်ကြောင်း Goal.com ကဖော်ပြခဲ့သည်။ 

၎င်းသည်လွန်ခဲ့သည့် ၂ နှစ်က မထင်မှတ်သည့် အနေအထားဖြင့်တူရင် မြေသို့ရောက်ရှိလာသူဖြစ်ပြီး ဂျူဗင်တပ်အသင်းနှင့်အတူ စကူဒက်တိုဖလားကို ၃ နှစ်ဆက်ရယူရန် စိတ်အားထက်သန်လျက်ရှိသည်။ 

အသက် ၃၅ နှစ်အရွယ် စီရော်နယ် ဒိုသည် ၂၀၁၈-၁၉ ဘောလုံးရာသီ စီးရီး အေပြိုင်ပွဲတွင် ဂျူဗင်တပ်အသင်းအတွက် ၂၁ ဂိုးသွင်းပေးခဲ့ပြီး ၂၀၁၉-၂၀ရာသီတွင် ၃၁ ဂိုးအထိ သွင်းကာ အကောင်းဆုံးပုံစံကို ဆက်ထိန်းထားဆဲဖြစ်သည်။ 

ထို့ပြင် ဂျူဗင်တပ်အသင်းသမိုင်း၌ ဖိလစ်စီဘော်ရယ်နှင့် ဂျွန်ဟတ်ဆန်တို့ ပြီးနောက် တစ်ရာသီအတွင်းစီးရီးအေ သွင်းဂိုး ၃၀ နှင့်အထက် သွင်းယူနိုင်သည့် တတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

ပြီးခဲ့သည့်ရာသီအတွင်း စီရော်နယ်ဒိုနှင့် နည်းပြဆာရီတို့ကြား အဖုအထစ်ရှိခဲ့သော်လည်း ပေါ်တူဂီတိုက်စစ်မှူးကိုယ်တိုင်က အသင်းတွင် အနိမ့်ဆုံးတစ်ရာသီဆက် ကစားဖွယ်ရှိနေသည်။ 

“ဂျူဗင်တပ်အသင်းရဲ့ ၉ နှစ်ဆက် သရဖူရယူနိုင်မှုမှာ ၂ ကြိမ် ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ လွယ်ကူသလို ရှိပေမယ့် မလွယ်ခဲ့ပါဘူး။ တစ်နှစ်ပြီးတစ်နှစ် အရည်အသွေးပြည့်ဝ လာသလို ကြိုးစားအားထုတ်မှုနဲ့အတူ ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်အောင်သွားရမှာပါ။ ကျွန်တော့်အတွက် တတိယအကြိမ်မြောက်ကို သွားကြစို့”ဟု စီရော်နယ်ဒိုက ဆိုခဲ့သည်။

ငြိမ်းပြည့်