News

POST TYPE

NEWS

အက်ဖ်အေဖလား ချန်ပီယံကို ကွင်းအတွင်း၌သာ ဆုဖလား ပေးအပ်သွားမည်
31-Jul-2020


အင်္ဂလန်၊ ဇူလိုင် ၃၀

ယခုနှစ်အက်ဖ်အေဖလားချန်ပီယံအသင်းအနေနှင့် အင်္ဂလန်နိုင်ငံနာမည်ကျော် ဝင်ဘလေကွင်းပွဲကြည့်စင်ထက်၌ ဆုဖလားလက်ခံခွင့် ရလိမ့်မည်မဟုတ်ကြောင်း Sportmails က ဖော်ပြခဲ့သည်။ 

မျက်မှောက်ခေတ် ဗိုလ်လုပွဲများတွင် ဝင်ဘလေကွင်းပွဲကြည့်စဉ်ထက်၌ အောင်ပွဲခံခွင့်ရခြင်းမှာ သမိုင်းဝင်အောင်မြင်မှုတစ်ခု ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမည့်အရေးကို စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။ 

စည်းမျဉ်းသတ်မှတ်ချက်အရ ကစားသမားများအနေနှင့် Royal Box သို့ မသွားရန်တားမြစ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ချန်ပီယံအသင်းသည် ကွင်းအတွင်း၌ သာမန်အောင်ပွဲခံမှုများသာပြု လုပ်သွားရန်ရှိနေသည်။ 

အဆိုတော် အီမီလီဆန်ဒီသည် အက်ဖ်အေဖလား Abide With Me သီချင်းကို အသံသွင်းကာ ကွင်းခေါင်မိုးထက်တွင် ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်သလို အက်ဖ်အေအနေနှင့်လည်း ကင်မရာကို ကစားကွင်းနှင့်ချိတ်ဆက်ပေးသွားမည်ဖြစ်သည်။ 

ဗြိတိန်တော်ဝင်မင်းသား ဝီလီယံသည် အဆိုပါပွဲ စီစဉ်တင်ဆက်မှုတွင် ပါဝင်မည်ဖြစ်သော်လည်း ဗီဒီယိုလင့်ခ်မှ တစ်ဆင့် ဆုဖလားပေးအပ်ချီးမြှင့်ခြင်းကို ပြုလုပ်သွားမည်ဖြစ်သည်။

ငြိမ်းပြည့်