News

POST TYPE

NEWS

နောင်ချိုတွင် ကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
30-Jul-2020

ဓာတ်ပုံ - ရဲတပ်ဖွဲ့

ရန်ကုန်၊ ဇူလိုင် ၃၀

ရှမ်းပြည်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မူဆယ်-မန္တလေး ကားလမ်းတွင် ဇူလိုင်လ ၂၉ ရက်နေ့က မော်တော်ယာဉ် တစ်စီးပေါ်မှ ကျပ်သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြားများကို ရဲတပ်ဖွဲ့ထံမှ သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသော မော်တော်ယာဉ်မှာ မူဆယ်-မန္တလေး ကားလမ်းအတိုင်း လားရှိုးဘက်မှ နောင်ချိုဘက်သို့ မောင်းနှင်လာစဉ် မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့ရာ ယာဉ်မောင်း မြင့်လွင် (၂၃) နှစ် နှင့် ယင်းယာဉ်ပေါ်ပါ စည်သူ (၃၂) နှစ်တို့နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၅၆၁၃၀ ပြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဒေသကာလပေါက်ဈေး ကျပ်သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းဆေးပြားများ၏ ပိုင်ရှင်ဖြစ်သူ လားရှိုးမြို့တွင်နေထိုင်သော စိုးသူ (၅၀) နှစ်နှင့် ဒေါ်လုထွယ် (၄၂) နှစ်တို့ကို ထပ်မံဖမ်းမိခဲ့သည်။

ယင်းဖမ်းမိသူ လေးဦးကို နောင်ချိုမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူ၍ ကျန်အမှုကွင်းဆက်တရားခံများကို ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03