News

POST TYPE

NEWS

အဝါရောင် မှိုစေ့ရောဂါဒဏ် ခံနိုင်ရည်ရှိသည့် ပဲတီစိမ်းမျိုးအထွက်ယှဉ်ပြိုင်ခြင်း သုတေသနပြုလုပ်
30-Jul-2020
ရန်ကုန်၊ ဇူလိုင် ၃၀

တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံတွင် သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနဗဟိုဌာန၏ စီမံကိန်းအရ အဝါရောင် မှိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် အထွက်ကောင်းပဲတီစိမ်းမျိုးများ၏ အဆင့်မြင့်အထွက်ယှဉ်ပြိုင်ခြင်း သုတေသနကို တတိယအကြိမ်မြောက် သုတေသနပြုဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနထံမှ သိရသည်။

စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေနှင့် သီးနှံသုတေသန၊ နည်းပညာသုတေသနနှင့် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဆင်းသုတေသန(ရုံးချုပ်)ရှိ သီးနှံအလိုက် သုတေသနစိုက်ကွင်းများတွင်သာမက လက်အောက်ခံသီးနှံဗဟိုသုတေသနခြံနှင့် ဒေသသုတေသနခြံများတွင် တောင်သူအကျိုးပြု သုတေသနများ ဆောင်ရွက်နေခြင်းဖြစ်သည်။

အဝါရောင် မှိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် ပဲတီစိမ်းမျိုးများအထွက်ယှဉ်ပြိုင်ခြင်း သုတေသနတွင် အသုံးပြုသည့်မျိုးများသည် အပြည်ပြည်ဆိုင်ရာ ပဲတီစိမ်းဖွံဖြိုးတိုးတက်မှုကွန်ရက်မှရရှိသည့် ပဲတီစိမ်းမျိုးများကိုအသုံးပြု၍ စိုက်ပျိုးထားခြင်းဖြစ်ပြီး သုတေသနစတင်ဆောင်ရွက်ခဲ့စဉ်က မျိုးပေါင်း ၂၀ဝ အသုံးပြုစမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ အကြိမ်ကြိမ်သုတေသနပြုပြီးနောက် ဒေသနှင့်ကိုက်ညီ၍ အဝါရောင် မှိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိကာ အထွက်နှုန်းကောင်းသည့် ပဲတီစိမ်းမျိုးများကိုအဆင့်ဆင့်ရွေးချယ်ခဲ့ရာ တတိယအကြိမ်သုတေသန စမ်းသပ်ကွက်တွင် မျိုး ၆ မျိုးကို ရွေးချယ်၍ စမ်းသပ်သုတေသနပြုထားခြင်းဖြစ်သည်။

အဆိုပါမျိုး ၆ မျိုးမှာ VI-002487.AG၊ VI-004737.AG ၊ VI-004931.AG ၊ VI-004933.AG ၊ VI-004934.AG ESihf VI-004969.AG တို့ဖြစ်ပြီး စံထားမျိုးများဖြစ်သည့် ရေဆင်း-၁၁ နှင့် ရေဆင်း-၁၄ ကိုအသုံးပြု၍ ၈x၃ အာစီဘီဖြင့် စမ်းသပ်သုတေသနပြု စိုက်ပျိုးထားလျက်ရှိရာ မကြာမီအချိန်အတွင်း ဒေသ၊ ရေ၊ မြေ၊ ရာသီနှင့် ကိုက်ညီမှုရှိကာ အဝါရောင် မှိုစေ့ရောဂါဒဏ် ခံနိုင်ရည်ရှိသည့် အထွက်ကောင်းပဲတီစိမ်းမျိုးသစ်များ ရရှိလာတော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနထံမှ သိရသည်။

S-07