POST TYPE
NEWS
ဝုဗ်အသင်း ယူရိုပါလိဂ်ဗိုလ်လုပွဲအထိရောက်ပြီး အက်ဖ်အေဖလားတွင် ချဲလ်ဆီးဗိုလ်စွဲပါက နူနိုဆန်တို၏အသင်း ၂၇ ရက်သာ အနားရမည်
30-Jul-2020

ဝုလ်ဗာဟမ်တန်၊ ဇူလိုင် ၂၉
ဝုဗ်အသင်းအနေနှင့်ယူရိုပါလိဂ် ဗိုလ်လုပွဲအထိ ရောက်ခဲ့ပြီး အက်ဖ်အေဖလားတွင် ချဲလ်ဆီးဗိုလ်စွဲပါက နူနိုဆန်တို၏ အသင်းသားများ နားရက် ၂၇ ရက်သာ ရလိမ့်မည်ဖြစ်ကြောင်း Dailymail က ဖော်ပြခဲ့သည်။
ဝုဗ်အသင်းသည် ပြီးခဲ့သည့်နှစ်ဘော လုံးရာသီအစတွင် ယူရိုပါလိဂ်ကိုခြေစစ်ပွဲ မှတစ်ဆင့် ဝင်ရောက်ခဲ့ရခြင်းကြောင့် ရာသီကြိုပြင်ဆင်မှုများကို ဇွန်လ ၂၇ ရက်နေ့တွင် စတင်ခဲ့ရသလို လာမည့်ရာသီ တွင်လည်း စိတ်ပျက်စရာအချိန်ဇယားတစ်ခုနှင့် ရင်ဆိုင်ရနိုင်ခြေရှိသည်။
၂၀၁၉-၂၀ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၇ နေရာ၌သာရပ်တည်နိုင်ခဲ့သော်လည်း အက်ဖ်အေဖလားတွင် ချဲလ်ဆီး အနိုင်ရခဲ့ပါက ဝုဗ်အသင်းသည် ယူရိုပါလိဂ်ကို ခြေစစ်ပွဲမှတစ်ဆင့်စတင်ခွင့် ပိုင်ဆိုင်မည်ဖြစ်သည်။
ယူရိုပါလိဂ်ဗိုလ်လုပွဲကို သြဂုတ် ၂၁ ရက်နေ့တွင် ကစားရန်ရှိနေပြီး ဝုဗ်အသင်း အနေနှင့် ဗိုလ်လုပွဲအထိတက်ရောက်ပြီး ဗိုလ်စွဲပါက ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့် ရမည်ဖြစ်သောကြောင့် သက်သာနိုင်သော်လည်း အကယ်၍ဗိုလ်လုပွဲအထိတက်ပြီး အရေးနိမ့်ပါက အလွန်ကျပ်တည်းသည့် အပြောင်းအလဲတစ်ခုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
အက်ဖ်အေဖလားတွင် ချဲလ်ဆီးအသင်း ဗိုလ်စွဲခြင်းက ဝုဗ်အသင်းကိုလာ မည့်နှစ်ယူရိုပါလိဂ်ဝင်ခွင့်အသက်ဆက် ပေးနိုင်သော်လည်း ရာသီကြိုပြင်ဆင်မှု အတွက်အခက်ကြုံရဖွယ်ရှိနေသည်။
ငြိမ်းပြည့်
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021