News

POST TYPE

NEWS

ငွေကြေးအခက်အခဲရှိသော်လည်း နွေဈေးကွက်အတွင်း ကစားသမား ၅ ဦးအထိ မော်ရင်ညို ပစ်မှတ်ထား
30-Jul-2020


လန်ဒန်၊ ဇူလိုင် ၂၉

စပါးနည်းပြမော်ရင်ညိုသည် အသင်း လူစာရင်းကို အကျစ်လျစ်ဆုံးတည်ဆောက်ရန်အတွက် နွေဈေးကွက်အတွင်း ကစားသမား ၅ ဦးခန့်အထိကို ပစ်မှတ်ထားနေကြောင်း The Evening Standard က ဖော်ပြခဲ့သည်။ 

ကိုရိုနာကူးစက်ရောဂါသည် စပါးအသင်း ဝင်ငွေစာရင်းကိုအကြီးအကျယ် ရိုက်ခတ်ခဲ့ခြင်းကြောင့် မော်ရင်ညိုအနေနှင့်ကစားသမားသစ်ခေါ်ယူရာ၌ အသင်းရှိ ကစားသမားများကိုရောင်းချခြင်း၊ အလဲအထပ်သဘော ခေါ်ယူခြင်းများကိုသာ အဓိကစီစဉ်ရဖွယ်ရှိနေသည်။ 

မော်ရင်ညို၏ ပစ်မှတ်ထဲတွင် ဆောက်သမ်တန်ကွင်းလယ်လူ ဟော့ဂျက်၊ အရပ်အမြင့် ၆ ပေ ၃ လက်မရှိသည့် တောင် ကိုရီးယားနောက်ခံလူ ကင်မင်ဂျေး၊ အတ္တလန္တာ ညာနောက်ခံလူ ကက်စတန်ဂီ၊ ဘုန်းမောက် ကစားသမားနှစ်ဦးဖြစ်သည့် ကော်လမ်ဝီလ်ဆင်နှင့် ဒေးဗစ်ဘရွတ်ခ်တို့ပါဝင်နေကြောင်းသိရသည်။ 

ဘုန်းမောက်အသင်း တန်းဆင်းခဲ့ရခြင်းကြောင့် ဝီလ်ဆင်နှင့်ဒေးဗစ်ဘရွတ်ခ်တို့အတွက် ကာလပေါက်ဈေးထက်လျှော့ နည်းသည့် နှုန်းထားဖြင့်ခေါ်ယူနိုင်မည် ဖြစ်သော်လည်း ဟောံဂျက်အတွက် ဆောက်သမ်တန်က ပေါင် ၂၅ သန်း ဈေး ခေါ်ထားပြီး ကင်မင်ဂျေးအတွက် ပေါင် ၁၅ သန်းအထိ အသုံးပြုရဖွယ်ရှိနေသည်။

ငြိမ်းပြည့်