News

POST TYPE

NEWS

YBS စီးနင်းသူ ခရီးသည် ၁၀ သိန်းကျော်အထိ ပြန်လည်မြင့်တက်
29-Jul-2020


ရန်ကုန်၊ ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် YBS စီးနင်းသည့် ခရီးသည်လျော့ကျ လာခဲ့သော်လည်း ဇူလိုင်လနောက်ဆုံး အပတ်မှ စတင်ကာ တစ်ရက်လျှင် ခရီးသည် ၁၀ သိန်းကျော်အထိ စီးနင်းမှု ရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA မှ သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ကာ YBS ပြေးဆွဲလမ်းကြောင်း ၁၂၈ လိုင်းမှ မော်တော်ယာဉ်စီးရေ ၃,၈၈၇ စီးဖြင့် ခရီးသည် ၁၀သိန်းကျော်ကို သယ်ယူ ပို့ဆောင်ပေးနေကြောင်း YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

“ပြည်သူလူထုသွားလာမှု လိုအပ် ချက်အရ ယာဉ်တွေကလည်း သွားလာမှု နဲ့ညီမျှအောင် ပြေးဆွဲသွားပါမယ်။ နေ့စဉ် ခရီးသည်စီးနင်းမှု၊ ယာဉ်စီးရေဘယ်နှစီးပြေးလဲဆိုတာကိုလည်း အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးနေပါတယ်” ဟု ၎င်းက ဆိုသည်။

ယခင်က တစ်နေ့လျှင် YBS ယာဉ် အစီးရေ ၄၄၀၀ ကျော် ပြေးဆွဲပေး လျက်ရှိပြီး ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့် မေလအစပိုင်းက YBS ယာဉ်အစီးရေ ၁၇၀၀ သာ ပြေးဆွဲပေးခဲ့ကာ ခရီးသည် ၂ သိန်းကျော်သာ စီးနင်းမှုရှိခဲ့ကြောင်း YRTA ထံမှ သိရသည်။

S-05