News

POST TYPE

NEWS

ရန်ကုန်တိုင်းရှိ ဘုရား၊ စေတီတော်များ ဇူလိုင်လ ၃၀ တွင် ပြန်ဖွင့်မည်
29-Jul-2020


ရန်ကုန် ဇူလိုင် ၂၈

Covid-19 ကြောင့် လေးလနီးပါး ခန့် ပိတ်ထားသော ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိဘုရား၊ စေတီတော်များကို ဇူလိုင်လ ၃၀ ရက်နေ့မှစတင်ကာ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဘုရား၊စေတီတော်များ ဖွင့်လှစ်ခြင်းကို Covid-19 ရောဂါဖြစ် ပွားသည့်ကာလတွင် ခေတ္တယာယီ ဆိုင်းငံ့ထားခဲ့ပြီး ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက် ၄နာရီမှစတင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးများဌာနမှ ထုတ်ပြန် ထားသောအမိန့်၊ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင် ရွက်နိုင်ရေး ဂေါပကအဖွဲ့များကို အသိပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဇူလိုင်လ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး Down Town ဧရိယာအတွင်းရှိ ဘုရား၊ စေတီတော်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးဆောင် စစ်ဆေးရေးအဖွဲ့က ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် Down Town ပြင်ပရှိ ဘုရား ၊ စေတီတော်များကို သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန များမှ Covid-19 ကော်မတီဝင်များ ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ လိုက်လံစစ်ဆေးမည့်အဖွဲ့များ စစ်ဆေးပြီးစီးမှုကို မစောင့်ဆိုင်းဘဲ ဇူလိုင်လ ၃၀ရက်နေ့မှစ၍ ဖွင့်လှစ်ပေးသွားရန်နှင့် အဖွဲ့ဝင်များကလည်း သတ်မှတ် ညွှန်ကြားချက်နှင့်အညီ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ညွှန်ကြားချက်တွင်ဖော်ပြထားသည်။

S-05