News

POST TYPE

NEWS

ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲတွင် စကိတ်ကစားနည်း ပါဝင်လာခြင်းမရှိသေး
28-Jul-2020


ရန်ကုန်၊ ဇူလိုင် ၂၇

၂၀၂၁ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် စကိတ် ကစားနည်း ထည့်သွင်းထားခြင်းမရှိသေး ခြင်းကြောင့် မြန်မာစကိတ်အဖွဲ့အနေနှင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်မဟုတ် ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ဆီးဂီမ်းပြိုင်ပွဲကို လာမည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကစားနည်း ၃၈ မျိုးဖြင့် ကျင်းပရန် အကြမ်းဖျဉ်း စီစဉ်ထားသည်။

“ဆီးဂိမ်းမှာ စကိတ်ကစားနည်း မပါတဲ့အတွက် ကျွန်တော်တို့ ဝင်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ ပြိုင်ပွဲဝင်နိုင်ငံတွေစုပြီး ဒီကစားနည်းကို ထည့်သွင်းပေးဖို့တောင်း ဆိုသွားမှာပါ။ လက်ရှိအချိန်က စောသေး အတွက်ပါမယ်၊ မပါဘူးဆိုတာကတော့ အတိအကျပြောလို့မရသေးပါဘူး”ဟု မြန်မာနိုင်ငံစကိတ်အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးလွင်လတ်ကပြောသည်။

မြန်မာနိုင်ငံစကိတ်အဖွဲ့အားကစား အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က အဖွဲ့ ချုပ်အဖြစ် တရားဝင်လျှောက်ထားခဲ့သော်လည်း လက်ရှိအချိန်ထိ စိစစ်နေဆဲ သာဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့် ၂၀၁၉ ဆီးဂိမ်းတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

လာမည့်ဆီးဂိမ်းပြိုင်ပွဲအပြင် ကမ္ဘာ့ စကိတ်အဖွဲ့ချုပ်က ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကြောင့် ပြိုင်ပွဲများ အားလုံးကို ၂၀၂၁ နှစ်ကုန်ပိုင်းအထိ ရွှေ့ဆိုင်းထားပြီး မြန်မာစကိတ်အဖွဲ့ချုပ်အနေဖြင့် ယှဉ်ပြိုင်ရန် ပြိုင်ပွဲများ မရှိသေးကြောင်း သိရသည်။

သို့သော် လာမည့် ၂၀၂၁ မေလ အတွင်း င်္အလိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် Asian Indoor and Martial  Arts Games ပြိုင်ပွဲကျင်းပရန် စီစဉ်နေပြီး မြန်မာစကိတ်အဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

ယင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ကစားသမားများကို စခန်းသွင်း လေ့ကျင့်မှု ပြုလုပ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ အကြောင်းကြားထားသည်။

ချစ်ဝိုင်း