News

POST TYPE

NEWS

ဆိုးလ်ရှားထက် လမ်းပတ်ပိုကောင်းအောင်လုပ်နိုင်ခဲ့သည်ဟု ရွိုင်ကိန်း ယုံကြည်
28-Jul-2020


လန်ဒန်၊ ဇူလိုင် ၂၇

မန်ယူနှင့် ချဲလ်ဆီးတို့နှစ်သင်းစလုံး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သော်လည်း မန်ယူကွင်းလယ်ကစားသမားဟောင်း ရွိုင်ကိန်းက ဆိုးလ်ရှားထက် ချဲလ်ဆီးနည်းပြ လမ်းပတ်ကို ပို၍ချီးကျူးခဲ့ကြောင်း Dailymail က ဖော်ပြခဲ့သည်။ 

လမ်းပတ်အနေနှင့် ပြီးခဲ့သည့်နွေ ဈေးကွက်တွင် အပြောင်းအရွှေ့ပိတ်ပင်ခံရခြင်းကြောင့် လှုပ်ရှားခွင့်မရခဲ့သလို ဟာဇက်ကဲ့သို့ ကစားသမားမျိုးကိုလက် လွှတ်ခဲ့ရသော်လည်း အသင်းကိုချန်ပီယံ လိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမှာ ပို၍ချီးကျူးချင်စရာဖြစ်သည်ဟု ဆိုခဲ့သည်။ 

ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်တွင် Sky Sports ရုပ်သံအစီအစဉ်တင် ဆက်သူအဖြစ် ပါဝင်ခဲ့သည့်ရွိုင်ကိန်းက “လမ်းပတ်ကပို ကောင်းအောင်လုပ်နိုင်ခဲ့ တယ်လို့ပြောရမှာပါ။ သူဖြတ်သန်းလာတာတွေက တကယ့်ကိုကောင်းမွန်ခဲ့တာပါ။ လမ်းပတ်ဟာ ကြီးမားတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ပြီး လူငယ်ကစားတွေကို ကစား သမားကောင်းတွေအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက်တော့ ထိပ်ဆုံး ၄ သင်းစာရင်းဝင်အဖြစ် အဆုံးသတ်ပြီး အက်ဖ်အေဖလားကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် ဒါဟာ ကြီးမားတဲ့အောင်မြင်မှုပါပဲ။ လမ်းပတ်ကို လူတိုင်းက သတိပေးနေချိန်မှာ သူ့အသင်းက ထိပ်ဆုံး ၄ သင်းနဲ့မလွဲခဲ့ပါဘူး။ ဒါက ချဲလ်ဆီးအတွက်နောက်ထပ်ကြီးမား တဲ့ခြေလှမ်းတစ်လှမ်းဖြစ်နေပါတယ်” ဟု ချီးကျူးခဲ့သည်။

ငြိမ်းပြည့်