News

POST TYPE

NEWS

မဲစနစ်ဖြင့်ရောင်းချခဲ့သည့် နေပြည်တော်မြေကွက်များ အိမ်ဆောက်ရန် ချေးငွေစတင်လျှောက်ခွင့်ပြု
28-Jul-2020


ရန်ကုန်၊ ဇူလိုင် ၂၇

နေပြည်တော်တွင်မဲစနစ်ဖြင့် ရောင်းချခဲ့သည့်မြေကွက်များ သတ်မှတ်ထားသည့်မြေကွက်တန်ဖိုး ပေးသွင်းပြီးသူများကို အိမ်ရာဆောက်လုပ်ရန်ချေးငွေများ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တွင် စတင်လျှောက်ထားခွင့်ပြုကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါမြေကွက်များသည် နေပြည်တော်ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ပေ ၈၀ ပတ်လည်မြေကွက်များဖြစ်ပြီး မြေကွက်တန်ဖိုးပေးသွင်းပြီးသူများကို အိမ်ရာဆောက်လုပ်ရန် ချေးငွေပေးခြင်းဖြစ်သည်။

အိမ်ရာချေးငွေရယူရန် မြေငှားစာချုပ်လျှောက်ထားသူများသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြေယာစီမံခန့်ခွဲမှုဌာနသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ မြေကွက်တန်ဖိုးပေးသွင်းထားသည့် ချလန်မိတ္တူ၊ မြေပေးမိန့်မိတ္တူတို့နှင့် နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်တွင် လာရောက်လျှောက်ထားရမည်ဖြစ်သည်။

အိမ်ရာကိစ္စရပ်များဆောင်ရွက်ပြီးပါက နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ မြေ ငှားစာချုပ်ကို နေပြည်တော်စည်ပင် သာယာရေးကော်မတီ မြေစီမံခန့်ခွဲမှုဌာနက ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်သည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက သက်ဆိုင်ရာမြေကွက်တွင် အဆောက်အအုံဆောက်လုပ်ပြီးစီးမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးပြီး အတည်ပြုချက်ရရှိပါက မြေကွက်အမည်ပေါက်သူထံ မြေငှားစာချုပ် ပြန်လည်ပေးအပ်မည်ဖြစ်သည်။

နေပြည်တော်စည်ပင်သာယာရေး ကော်မတီသည် အဆိုပါမြေကွက်များကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက မြေကွက်ပေါင်း ၂၀ဝ ဝန်းကျင်ကို မဲစနစ်ဖြင့်ရောင်းချခဲ့ခြင်းဖြစ်ပြီး မြေကွက်တန်ဖိုးပေးသွင်းပြီးသူများကို အိမ်ရာချေးငွေထုတ်ချေးခြင်းဖြစ်သည်။

J-03