News

POST TYPE

NEWS

လီဗာပူးကွင်းလယ်လူ လယ်လာနာ ဘရိုက်တန်သို့ ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန်ရှိ
27-Jul-2020


လီဗာပူး၊ ဇူလိုင် ၂၆

လီဗာပူးတွင် ကစားသမားဘ၀ ၆ နှစ်ကြာ ဖြတ်သန်းခဲ့သော ကွင်းလယ်လူလယ်လာနာသည် ဘရိုက်တန်သို့ ၃ နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့မည်ဖြစ်ကြောင်း Goal.com က ဖော်ပြခဲ့သည်။ 

၎င်းကိုခေါ်ယူရန်အတွက် အသင်းဟောင်း ဆောက်သမ်တန်အပါအဝင် လက်စတာ၊ ဘန်လေတို့က စိတ်ဝင်စားခဲ့ သော်လည်း အသက် ၃၂ နှစ်အရွယ် လယ်လာနာသည် ဘရိုက်တန်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ လယ်လာနာသည် ၂၀၁၄ တွင် ဆောက်သမ်တန်မှ လီဗာပူးသို့ရောက်လာခဲ့ပြီး အန်ဖီးလ် ကစားသမားဘ၀ ၆ ရာသီအတွင်း ၁၇၈ ပွဲ အထိ ကစားပေးခဲ့သူဖြစ်သည်။ 

“ကျွန်တော်ထွက်ခွာဖို့အချိန်ကောင်း ဖြစ်ပါတယ်။ စိတ်ခေါ်မှုအသစ်နဲ့ ကစားခွင့်အတွက် အပူတပြင်း ဖြစ်နေပါတယ်။ ထိပ်တန်းအဆင့်မှာ ၂ နှစ်၊ ၃ နှစ်လောက် ဆက်ရှိနေလိမ့်ဦးမယ်လို့ ခံစားရပါတယ်။ လီဗာပူးနဲ့ လမ်းခွဲတာက ဝမ်းနည်းစရာဖြစ်ပေမယ့် ထပ်ကြုံလာမယ့်စိန်ခေါ်မှုတွေကို ဘယ်လိုဦးဆောင်နိုင်မယ်ဆိုတာတွေကို စိတ်လှုပ်ရှားနေမိပါတယ်”ဟု လယ်လာနာကဆိုခဲ့သည်။ 

နည်းပြကလော့ပ်ကလည်း လယ်လာနာ၏ပရိသတ်တစ်ဦးဖြစ်ကြောင်း ဖွင့်ဟခဲ့ပြီး အသင်းကောင်း တစ်သင်းကို ကစားသမား ၂ ဦး၊ ၃ ဦးဖြင့် တည်ဆောက်၍မရသော်လည်း လီဗာပူးဂန္တဝင်အသင်း အုတ်မြစ်တွင် လယ်လာနာပါဝင်ခဲ့ကြောင်း ဆိုခဲ့သည်။

ငြိမ်းပြည့်