News

POST TYPE

NEWS

ရွှေခရုကြောင့် စပါးခင်းများ ဧကထောင်ချီ ပျက်စီး
27-Jul-2020


ပုသိမ်၊ ဇူလိူင်၂၆ 

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်ရှိ မိုးစပါးစိုက်ခင်း ငါးထောင် နီးပါးတွင် ရွှေခရုကျခဲ့ပြီး ဧကတစ်ထောင် နီးပါး ပျက်စီးခဲ့သည်ဟု ဧရာဝတီတိုင်းစိုက်ပျိုးရေးရုံးထံမှ သိရသည်။

"စပါးဖျက်ရွှေခရုကျရောက်မူက ဧကပေါင်း ၅,၅၆၉ ဧကပါ၊ ထိခိုက်မူရှိခဲ့တာက ၁,၉၃၄ ဧက၊ ပျက်စီးဆုံးရှုံးခဲ့တာက ၁,၄၀၄ ဧက၊ လုံးဝပျက်စီးခဲ့တာ"ဟု ဧရာဝတီတိုင်းစိုက်ပျိုးရေးဦးစီးဌာန ဒု-တိုင်းဦးစီးမှူး ဦးစိန်မောင်လွင်က ပြောကြားသည်။

ရွှေခရုကျရောက်သည့် မြို့နယ် ၁၁ မြို့နယ်အနက် ကန်ကြီးထောင့်မြို့နယ်တွင် ဧက ၁,၇၀ဝ ကျော်၊ အိမ်မဲမြို့နယ်တွင် ဧက ၅၀ဝ ကျော်နှင့်ဒေးဒရဲမြို့နယ်တွင် ဧက ၃၀ဝ ကျော်တို့ဖြင့် အများဆုံးကျရောက်ခဲ့သည်ဟု ၎င်းကရှင်းပြသည်။

စပါးဖျက်ရွှေခရုဝင်ရောက်သည့် လယ်မြေများသည် ရေဝင်သည့်နေရာများဖြစ်သောကြောင့် ရေဝင်ရေထွက်မြောင်းများကို ပိုက်ဖြင့်တားသည့်နည်းစနစ်ကိုအသုံးပြုခြင်း၊ လယ်ယာမြေ ပြုပြင်ရာတွင် ထုံးချသည့်နည်းလမ်း၊ ခရုကျရောက်သည့်ဒေသများတွင် ခရုကောက်ပွဲများ၊ ဥမြုံဖျက်ဆီးပွဲများ၊ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်နေသည်ဟု ဧရာဝတီတိုင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ကိုအောင် vom