News

POST TYPE

NEWS

၂၁ ရာစု ပင်လုံညီလာခံကျင်းပရေး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ တွေ့ဆုံ
26-Jul-2020


ရန်ကုန်၊ ဇူလိုင် ၂၅

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပနိုင်ရေးအတွက် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးတွင် ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ကျင်းပ လျက်ရှိသည်။

ယင်းအစည်းအဝေးကို ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ကာ သုံးရက် ကြာ ကျင်းပမည်ဖြစ်ပြီး အစိုးရနှင့် အပစ်ရပ် လက်နက်ကိုင်အဖွဲ့များ၏ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အလုပ် အဖွဲ့အစည်းအဝေးဖြစ်ကြောင်းလည်း သိရသည်။

အပစ်ရပ်လက်နက်ကိုင်များ၏ ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက “သုံးရက်တာ အစည်းအဝေးမှာ ဆွေးနွေးရမယ့် အကြောင်းအရာတွေထဲမှာ အဓိကကျ အရေးပါတဲ့ အကြောင်းအရာတွေ ပါဝင် နေလို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေအနေနဲ့ နှစ်ဖက်လက်ခံနိုင်တဲ့ သဘောတူညီချက်ရရှိအောင် ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကိုရိုနာဗိုင်းစ် ဖြစ်ပွားနေသည့် ကာလအတွင်း ကျင်းပမည်ဖြစ်သည့်အတွက် ညီလာခံအခင်းအကျင်းကို ပြောင်းလဲ ကျင်းပရန်ရှိပြီး အဓိပ္ပာယ်ပြည့်၀သည့် အနှစ်သာရပြည့်၀သည့် ရလဒ်ကောင်း ထွက် ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံညီလာခံအစည်းအဝေးကို ဩဂုတ်လအတွင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်းသိရသည်။

S-04