News

POST TYPE

NEWS

၂၀၂၁ ခုနှစ် အစောပိုင်းမတိုင်ခင်အထိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး မရရှိနိုင်သေးဟု WHO ပြောကြား
24-Jul-2020


ဂျနီဗာ၊ ဇူလိုင် ၂၃

ယခုအခါ ဃဥဠှီု-၁၉ ကပ်ရောဂါ ကြီးအတွက် ကာကွယ်ဆေးဖော်စပ်နိုင် ရန် ကမ္ဘာတစ်ဝန်းမှသုတေသီများ၏ လုပ်ဆောင်ချက်များမှာ တိုးတက်ကောင်းမွန် မှုအသီသီးရရှိနေကြပြီဖြစ်သော်လည်း လာမည့် ၂၀၂၁ ခုနှစ် အစောပိုင်းအချိန်ကာလသို့မရောက်ရှိသေးသရွေ့ ယင်းကာကွယ်ဆေးကို လက်တွေ့အသုံးပြုနိုင် ဦးမည်မဟုတ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိပေးပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

WHO အဖွဲ့၏ အရေးပေါ်အစီ အစဉ်များဆိုင်ရာ အကြီးအကဲ ဒေါက်တာ မိုက်ရိုင်ယန်က လာမည့် ၂၀၂၁ ခုနှစ် (ရှေ့နှစ်) အစောပိုင်းကာလမတိုင်ခင် ကိုဗစ်ကာကွယ်ဆေး ရရှိဦးမည်မဟုတ်ကြောင်း ပြောကြားသည်။ 

WHO အနေနှင့် ကာကွယ်ဆေး ရရှိလာချိန်တွင် မျှမျှတတဖြန့်ဖြူးပေးနိုင် သည့် အခြေအနေမျိုးဖြစ်လာအောင် ကြိုးပမ်းလျက်ရှိကြောင်း၊ သို့သော် လက်ရှိ အချိန်အတွက်အရေးကြီးသည်မှာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ရပ်ဆိုင်းရေးပင်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

လက်ရှိကမ္ဘာပေါ်တွင် ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းမှာ နေ့စဉ်စံချိန်တင် မြင့်တက်လျက်ရှိဆဲပင်ဖြစ်သည်။ 

“ကျွန်တော်တို့တစ်တွေ ဆေးဖော် စပ်တဲ့ကိစ္စမှာ တိုးတက်ကောင်းမွန်မှုတွေ ရှိထားပါတယ်။ ကာကွယ်ဆေးအတော် များများဟာ ယခုဆိုလျှင် စမ်းသပ်တဲ့ အဆင့်မှာ တတိယပိုင်းကိုရောက်နေပါပြီ။ တစ်ခုမှ မအောင်မြင်တာမရှိပါဘူး။ လုံခြုံ စိတ်ချမှုအပိုင်းရော၊ ခုခံအားတုံ့ပြန်မှုစနစ် ပိုင်းမှာပါ အောင်မြင်ဖြစ်ထွန်းမှုရှိပါ တယ်” ဟု ၎င်းကပြောကြားသည်။ 

“ဒါပေမဲ့လည်း တကယ်တမ်း အရှိ တရားကိုပြောရမယ်ဆိုရင် လာမယ့်နှစ် ပထမပိုင်းလောက်ရောက်မှ ပြည်သူတွေ ကို အဲဒီကာကွယ်ဆေးထိုးနိုင်မှာပါ” ဟု ၎င်းကဆက်လက်ပြောကြားသည်။ 

ဇူလိုင်လ ၂၃ ရက်နေ့တွင်ရရှိသော ကိန်းဂဏန်းများအရ ယခုအခါ ကမ္ဘာပေါ် တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅ ဒသမ ၃ သန်းနှင့် ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၂၄,၀၀၀ ကျော်ရှိကြောင်း သိရသည်။ ရောဂါပြန်လည်သက်သာ ပျောက်ကင်းသူဦးရေ ၈ ဒသမ ၆၇ သန်း ရှိသည်။ 

F-01