News

POST TYPE

NEWS

Online Shop များ အွန်လိုင်းမှစာရင်းပေးသွင်းနိုင်ရန် ညှိနှိုင်း
16-Jul-2020


ရန်ကုန်၊ ဇူလိုင် ၁၆

မြန်မာနိုင်ငံရှိ e-Commerce  ဖွံဖြိုးတိုးတက်ရေးကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်ရေးအတွက် e-Commerce (Online Shop) စီးပွားရေးလုပ်ငန်းများ အွန်လိုင်းမှ စာရင်းပေးသွင်းဆောင်ရွက်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် e-Commerce ဖွံဖြိုးတိုးတက်ရေးကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ကုန်သည်စက်မှုအသင်းချုပ်ကလည်း ပုဂ္ဂလိကကဏ္ဍအနေနှင့်ပါဝင်လျက်ရှိပြီး ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းက စီးပွားရေးလုပ်ငန်းများအနေနှင့် အွန်လိုင်းမှ စာရင်းပေးသွင်းနိုင်ရေးနှင့် စပ်လျဉ်း၍ Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ Online Shop များသည် Formal Marketplace/Platform များမှဆောင်ရွက်ခြင်းထက် Informal  ဖြစ်သည့် Social Media Facebook ပေါ်မှရောင်းချခြင်းမှာ ပိုမိုများပြားလျက်ရှိပြီး e-Commerce Online Shop လုပ်ငန်းများကို ရောင်းချသူနှင့် ဝယ်ယူသူအကြား ယုံကြည်မှုရရှိစေရန်၊ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရန်နှင့် အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဥပဒေလုပ်ထုံးလုပ်နည်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်းယင်းအသင်းချုပ်ထံမှ သိရသည်။

Covid-19 စီးပွားရေးကုစားမှုအစီအစဉ်၏ပန်းတိုင် ၅ အောက်တွင်ပါဝင်သည့် e-Commerce လုပ်ငန်းများ အားပေးဆောင်ရွက်ခြင်း၊ ဆက်စပ်သည့် Delivery Service  နှင့် e-Payment လုပ်ငန်းများ အားပေးမြှင့်တင်ခြင်းများ ဆောင်ရွက်ရန် အစိုးရ-ပုဂ္ဂလိကပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ပြညောမေ Myanmar Digital Economy Association ဥက္ကဋ္ဌနှင့် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး Online Shop များအတွက် တရားဝင်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

S-07