News

POST TYPE

NEWS

မြ၀တီရှိ လောင်းကစားရုံတစ်ခုမှ တရုတ်နိုင်ငံသားလေးဦးအပါအဝင် ၁၈ ဦးကို ဖမ်းဆီး
16-Jul-2020

ဓာတ်ပုံ - တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့

ရန်ကုန်၊ ဇူလိုင် ၁၅

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ လောင်းကစားရုံတစ်ရုံကို ဇူလိုင် ၁၄ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံသား လေးဦးအပါအဝင် စုစုပေါင်း ၁၈ ဦးကို လောင်းကစားပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လောင်းကစားသတင်းရရှိထားသော အမှတ် (၃) ရပ်ကွက်၊ ဓာတ်ဆီ ဆိုင်အနီးရှိ သုံးထပ်အဆောက်အအုံ (ဒေသအခေါ် ဘောင်တီးကာစီနိုရုံ) ကို အခင်းဖြစ်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေစစ်ဆေးရာ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လောင်းကြေးငွေများကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ လောင်းကစားရုံအတွင်းရှိ တရုတ်နိုင်ငံသား အမျိုးသားလေးဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ကိုးဦး၊ အမျိုးသမီး ငါးဦးတို့ကို ဖမ်းဆီးပြီး မြ၀တီမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

S-03