News

POST TYPE

NEWS

မန်စီးတီးအသင်း ဥရောပဝင်ခွင့်ပိတ်ပင်ခံရမှု လွတ်မြောက်ခဲ့ခြင်းအား ကလော့ပ် ပြစ်တင်
16-Jul-2020


လီဗာပူး၊ ဇူလိုင် ၁၅

မန်စီးတီးအသင်း ပြစ်ဒဏ်လွတ်မြောက်ခဲ့ခြင်းမှာ ဘောလုံးလောကအတွက် ကောင်းမွန်ခြင်းမရှိသည့် နေ့စွဲတစ်ခုဖြစ်ကြောင်း လီဗာပူးနည်းပြ ကလော့ပ်က ပြစ်တင်ခဲ့သည်ဟု Dailymail က ဖော်ပြခဲ့သည်။ 

ချမ်းသာ ကြွယ်၀သောပိုင်ရှင်များအနေနှင့် ၎င်းတို့၏တစ်နေ့ကိုယ်ပိုင်ဝင်ငွေ တစ်ဘီလီယံကို အသုံးချကာဘောလုံး လောကကို ဖျက်ဆီးနိုင်သည့်ပုံစံ သက်ရောက်ခဲ့ကြောင်း ကလော့ပ်ကသတိပေးခဲ့သည်။ 

“ဖော်မြူလာဝမ်းနဲ့ အနည်းငယ်ဆင်တူပါတယ်။ တကယ်လို့ခင်ဗျားဟာ ကိုယ်ပိုင်ဂျက်လေယာဉ်ရဲ့တံခါးကိုဖွင့်ပြီး ဘယ်သူပိုမြန်သလဲဆိုတာကြည့်တဲ့အခါ မှာ အနိုင်ရသူက လေယာဉ်ပျံဖြစ်ပါလိမ့်မယ်။ တကယ်လို့ ကားက ပုံမှန်လမ်းကြောင်း အတိုင်းမောင်းမယ်ဆိုရင် အကောင်းဆုံးမောင်းနှင်နိုင်သူက အနိုင်ရမှာပါ။ ဒါကပြိုင်ဆိုင်မှုအကြောင်းပါ။ စည်းမျဉ်းစည်းကမ်းတွေရှိနေပြီး ဒါကိုကျွန်တော်တို့ လိုက်နာဖို့ ကြိုးစားသင့်ပါတယ်” ဟု ကလော့ပ်ကပြောဆိုခဲ့သည်။ 

မန်စီးတီးအသင်း၏ဖြစ်စဉ်မှာ အခြားသော ဥရောပထိပ်တန်းလိဂ်များအတွက် အလိုအလျောက်ဦးဆောင်လမ်းပြဖြစ်နေလိမ့်မည်ဟုလည်း ကလော့ပ်ကသတိပေးခဲ့သည်။ 

ကလော့ပ်ကိုယ်တိုက်က FFP ၏သဘောတရားကို ထောက်ခံခဲ့သော်လည်း ဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိသည်ဟု ဆိုခဲ့သည်။

ငြိမ်းပြည့်