News

POST TYPE

NEWS

ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း အဆုံးသတ်သွားခဲ့ပြီဟု မော်ရင်ညို ဝေဖန်
16-Jul-2020


လန်ဒန်၊ ဇူလိုင် ၁၅

မန်စီးတီးအသင်းအပေါ် ချမှတ်ထားသည့် ယူအီးအက်ဖ်အေ၏ပြစ်ဒဏ်ကို နိုင်ငံတကာ အားကစားခုံရုံးက ပယ်ဖျက် လိုက်ခြင်းသည် ဘဏ္ဍာရေးသာတူညီမျှ စည်းမျဉ်းကို အဆုံးသတ်လိုက်ခြင်းဖြစ်သည်ဟု စပါးနည်းပြ မော်ရင်ညိုက ဝေဖန်လိုက်ကြောင်း Dailymail က ဖော်ပြခဲ့သည်။ 

အဆိုပါပြစ်ဒဏ်ကို ဖြေလျော့ပေးခဲ့ခြင်းနှင့်ပတ်သက်၍ ဝေဖန်သံများ ဆူညံနေပြီး ထောက်ခံသူများရှိသလို ကန့်ကွက်သူများလည်းရှိနေသည်။ 

စပါးနည်းပြမော်ရင်ညိုက “ဒါဟာ ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ပါ။ ဘာကြောင့်လဲဆိုတော့ မန်စီးတီးမှာ အပြစ် မရှိဘူးဆိုရင် သန်းပေါင်းများစွာသော ငွေတွေကိုပဲ အပြစ်တင်ရတော့မယ် ထင်တယ်။ ရှက်စရာကောင်းပါတယ်။ တကယ်လို့ ခင်ဗျားမှာအပြစ်မရှိဘူးဆိုရင် အပြစ်ပေးခံရမှာမဟုတ်ပါဘူး။ တကယ်လို့ သူတို့အပြစ်ရှိခဲ့တယ်ဆိုရင်တော့ အပြစ် ပေးခံရသင့်ပါတယ်။ ဘယ်လိုပြဿနာမျိုးမဆို ဆုံးဖြတ်ချက်ဆိုတာ ကံဆိုးခြင်းပါပဲ။ ကျွန်တော်ကတော့ မန်စီးတီးမှာအပြစ်မရှိ ဘူးလို့ မပြောပါဘူး။ သူတို့အတွက် ငွေဆိုတာ လွယ်ကူတာ ကျွန်တော်သိပါ တယ်။ ဒါပေမဲ့ အခုဟာက စည်းကမ်းပါ။ ဂုဏ်ယူနေတဲ့တိုင်အောင်ပေါ့။ ဘာကြောင့်ခင်ဗျား ၈ သန်း ၉ သန်းလောက်ပေးခဲ့တာလဲ။ ရှက်စရာပါဗျာ။ မန်စီးတီးကို ကျွန်တော် ဝေဖန်နေတာမဟုတ်ပါဘူး။ သူတို့မှာ အပြစ်ရှိလားဆိုတာလည်း ကျွန်တော် မသိပါဘူး။ ဥပဒေကို လက်တစ်လုံးခြား လုပ်နိုင်တဲ့စွမ်းအားတွေကို ကျွန်တော်ပြောတာပါ။ သူတို့ ကံမကောင်းတာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြစ်ဒဏ်နဲ့ မထိုက်တန်လို့ပါ”ဟု ပြောဆိုခဲ့သည်။

ငြိမ်းပြည့်