News

POST TYPE

NEWS

အိမ်ခြေ ၂ဝဝ ခန့်အတွက် အသေးစားဓာတ်အားပေးစနစ်များ တည်ဆောက်မည်
13-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်) ဖြင့် စစ်ကိုင်းတိုင်းနှင့်ဧရာဝတီတိုင်းရှိ အိမ်ခြေပေါင်း ၂ဝဝ အတွက် CFP-3 batch (၂) အသေးစားဓာတ်အားပေးစနစ်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်ပထမပတ်အတွင်းက အသေးစားဓာတ်အားပေးစနစ်များ တည်ဆောက်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီများ လုပ်ငန်းသဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

ဆောင်ရွက်မည့်လုပ်ငန်းများအနေနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာနှင့် သပြေကုန်းကျေးရွာတွင် ဆိုလာအသေး စားဓာတ်အားပေးစနစ် 118.4 kW နှင့် ဖောင်းပြင်မြို့နယ် မင်းယားကျေးရွာတွင် 142.08kW တို့ကို Mango Energy ကုမ္ပဏီကဆောင်ရွက်မည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး လပ္ပတ္တာမြို့နယ် တူးမြောင်းကျေးရွာတွင် 201.6 kW နှင့် ဘိုကုန်းကျေးရွာတွင် 100.8 kW တို့ကို KCKM ကုမ္ပဏီကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် တပ်ကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ဂျိတ်တောကျေးရွာတို့တွင် 72.96 kW ကို Smart Measurement and Control ကုမ္ပဏီကလည်းကောင်း တာဝန်ယူဆောင်ရွက် မည်ဖြစ်ပြီး အိမ်ခြေပေါင်း ၂ဝဝဝ ခန့်က လျှပ်စစ်ဓာတ်အား ၂၄ နာရီသုံးစွဲနိုင်မည်ဖြစ်ကာ အသေးစားစက်မှုလက်မှုလုပ်ငန်းများပါ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်များကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၆ဝ ရာခိုင်နှုန်း၊ ကျေးလက်နေပြည်သူများက ၂ဝ ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီက ၂ဝ ရာခိုင်နှုန်းဖြင့် အသီးသီးထည့်ဝင် ဆောင်ရွက်ကြခြင်းဖြစ်သည်။

S-07